Ch-111

186 17 0
                                    

Ch-111  လျှို့ဝှက်နက်နဲလာတယ်

  "ကျေးဇူးပြုပြီးထိုင်ပါဦး"

  ဝမ်ရိဟန်သည်မိမိအားအထဲသို့ ယဉ်ကျေးပျူငှာစွာဖိတ်လိုက်သည်။သို့သော်သူက*ကျေးဇူးပြုပြီး*ဟုပြောခဲ့ပေမယ့် တစ်ကယ့်လက်တွေ့တွင် သူသည်မိမိအားဆိုဖာပေါ်  ပုခုံးမှဖိ၍ထိုင်ချခိုင်းခြင်းဖြစ်သည်။သူ့အားအစစ်အမှန်တွေ့ပြီးချိန်မှာတော့ သူ့အားကိုင်ပေါက်မည်ဆိုသည့် မိမိအတွေးများအားလုံးမှာ ပြတင်းပေါက်အပြင်ဆီခုန်ထွက်သွားကြသည်။

  မိမိသည်ကျိုးကျိုးနွံနွံ လေးလေးစားစားဖြင့်ထိုင်နေကာသူ၏လှုပ်ရှားမှုတိုင်းအားစူးစမ်းနေလိုက်သည်။

  "မိုးချုပ်ကြီးလာလည်ရတဲ့အတွက် မင်းမှာအကြောင်းပြချက်တစ်ခုများရှိနေမလား မစ္စလင်းခင်ဗျ"

  ဝမ်ရိဟန်သည်အင်မတန်သက်တောင့်သက်သာရှိစေမည့်အဝတ်အစားများအား ဝတ်ဆင်ထားသည်။ဤသည်ကသူ့အိမ်ဖြစ်နေလို့လည်းဖြစ်နိုင်သည်။

  သူကအကြောင်းအရင်းကိုသိနေတာတောင် မေးနေသေးတယ်ပေါ့လေ ဟမ့်!

  "ကျွန်မရှင့်ကိုပြောပြီးပြီလေ လမုန့်လာပို့တာပါလို့။ပြောရရင် ကျွန်မတို့ကအချင်းချင်းသိကြတယ်လေ...မဟုတ်ဘူး...ကျွန်မဆိုလိုတာက....ကျွန်မကကောင်းကျားလန်ကိုသိတယ်လေ...ဒီနေ့ကဆောင်းဦးလယ်ပွဲတော်နေ့လေ။ကျွန်မကသူမဆီလာလည်တာ"

  "မင်းသာဧည့်သည်တစ်ယောက်ဆိုရင် အိမ်ရှင်ရဲ့ခွင့်ပြုချက်နဲ့အတူ ရှေ့တံခါးမကြီးတွေကနေဖြတ်လာသင့်တယ်လေ။ဒါပေမယ့်မင်းက‌?"

  ဝမ်ရိဟန်မှာအနည်းငယ်ဆွံ့အသွားရသည်။ထို့နောက်သူသည်ဆက်ပြောလာသည်။

  "သူမကအနားယူနေပြီ။ကိုယ်ဝန်ဆောင်အမျိုးသမီး‌ေတွက သူတို့ကလေးတွေကျန်းမာစေဖို့စောစောအိပ်ဖို့လိုတယ်လေ"

  နင်ငါ့ကိုရိုက်လိုက်ရင်တောင် ကလေးရဲ့ကျန်းမာရေးကိုနင်ဂရုစိုက်တယ်ဆိုတာ ငါယုံမှာမဟုတ်ဘူး။

  မိမိသည်မတ်တပ်ရပ်လိုက်သည်။

  "ကောင်းကျားလန်နဲ့ကျွန်မကမိဘမဲ့ဂေဟာတစ်ခုတည်းကလေ။ကျွန်မတို့ကမိဘမဲ့တွေဖြစ်တဲ့အတွက် သူမကမိသားစုဝင်နီးပါးပဲ။ဆောင်းဦးလယ်ပွဲတော်ဆိုတာက လူတွေအချင်းချင်းပြန်လည်ဆုံစည်းဖို့သတ်မှတ်ထားတဲ့နေ့လေ။ကျွန်မတို့ကဒီနေ့မှာဘာလို့တွေ့လို့မရ ရတာလဲ"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now