Ch-35

584 59 0
                                    

Paidဝင်မယ်ဆို စာပို့ထားပေးနော်။ပရိုမိုးရှင်းကပြီးတော့မယ်ဆိုတော့ မြန်မြန်လေးဝင်ထားကြ။နောက်လကျ၄၀၀၀ဖြစ်သွားပါမယ်နော်။

Ch-35  ဘက်စကက်ဘောကွင်းလက်ထောက်

  လေသည်ညင်သာစွာတိုက်ခတ်နေရင်း ပြတင်းလိုက်ကာများအား ပင့်မြှောက်နေတော့သည်။ပန်းရနံ့များမှာလည်း အခန်းတွင်းသို့တဖြည်းဖြည်းပျံ့လွှင့်လာသည်။လေသည်မိမိဆံနွယ်များအား ဝေ့တိုက်သွားကာ မျက်နှာဘယ်ဘက်ခြမ်းအား ထိတွေ့ပွတ်သပ်သွားသည်။မသိစိတ်အရ ထိုသည်မှာမိမိအားအနည်းငယ်ယားယံသလို ခံစားမိစေပြီး မိမိဘာသာကုတ်လိုက်ချင်မိသည်။သို့သော်စုယန်သည် မြှောက်လိုက်သောမိမိဘယ်ဘက်လက်အား ဖမ်းဆုပ်လိုက်သည်။

  သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မိမိအားအုပ်မိုးထားသည်။သူ၏ရှပ်အင်္ကျီမှဒုတိယမြောက်ကြယ်သီးသည် ဆန်းကြယ်စွာပြုတ်သွားပြီး မိမိအကြည့်နှင့်တန်းနေသည့် သူ၏ညှပ်ရိုးဖြူဖြူများအားဖော်ပြလာသည်။

  ‌အမျိုးသားတစ်ယောက်က ဘယ်လိုလုပ်ပြီးသူ့လောက်ဖြူနိုင်ပါ့မလဲ။သူကအလင်းဖြတ်သွားလုနီးနီးပဲ။

  စုယန်မှစကားပြောလိုက်သည့်အခါ သူ၏လည်စေ့သည်အပေါ်အောက်စတင်လှိမ့်နေတော့သည်။မိမိသည်ညှို့ယူဖမ်းစားခံနေရပြီး အကြည့်မလွှဲနိုင်တော့ပေ။သူ၏နူးညံ့ချောမွေ့သည့်အသံသည် မိမိနားတွင်းဝင်ရောက်လာသည်။

  "ပထမဆုံးအနေနဲ့ မင်းရဲ့အဝတ်အစားရွေးချယ်မှုမှာ နည်းနည်းအားပိုထုတ်လိုက်။ဒုတိယအနေနဲ့ အတန်းထဲမှာ အာရုံစိုက်ပေး။အကောင်းဆုံးကတော့ ငါနဲ့အကြည့်ချင်းဆုံပေး။တတိယအချက်ကတော့ ပိုပြီးပြုံးလိုက်။စတုတ္ထအချက်..."

  စုယန်သည်တစ်စက္ကန့်မျှရပ်သွားသည်။ထို့နောက် သူသည်မိမိနောက်ရောက်သွားကာ ခေါင်းစည်းကြိုးအားသာသာလေးဆွဲဖြုတ်လိုက်သည်။မိမိ၏ပိုနီတေးသည် ပြေလျော့သွားကာ မိမိဆံနွယ်များသည် ပုခုံးထက်ဖြာကျသွားသည်။

  "မင်းဆံပင်ကဒီလိုပုံနဲ့ပိုကြည့်ကောင်းတယ်"

  မိမိညာဘက်လက်သည် စားပွဲအားခပ်တင်းတင်းဆုပ်ကိုင်ထားသည်။မိမိသည်မည်ကဲ့သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။စုယန်သည်ဖြည်းဖြည်းချင်းနီးကပ်လာသည်။မိမိသည်အနည်းငယ်ခွာလိုက်ပြီး သူ၏မျက်လုံးအိမ်များအား ဂရုတစိုက်ဖြင့်အနီးကပ်စိုက်ကြည့်လိုက်သည်။မိမိသည်ရှုထောင့်အား သူ၏နှင်းဆီရောင်နှုတ်ခမ်းများထံပြောင်းလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now