Ch-131 မိပြီ
ဟွားဇီယုရှောင်း။သူမကငါတို့ရဲ့ဂျပန်လူမျိုးခရီးသွားလမ်းညွှန်လေ။အဲ့တော့ သူမကလည်းအန်းစွန်းရဲ့လက်အောက်ငယ်သားပဲပေါ့...
"သူမကမင်းကိုအန်းစွန်းလို့ခေါ်လိုက်တာငါကြားလိုက်တယ်"
စုယန်ကမိမိအားလက်ညှိုးထိုးလိုက်သည်။
"မင်းကသူလား"
"ရှင်အန်းစွန်းကိုမှတ်မိလား။သူပဲ..."
"ငါကသူ့ကိုဘယ်လိုလုပ်မေ့လို့ရမှာလဲ။ငါဂျပန်မှာနေတုန်းက ငါ့မိဘတွေရဲ့သေဆုံးမှုကိုသူလုပ်ခဲ့တာပဲလေ။အဲ့တော့ အရာရာတိုင်းကသူ့အကြံပဲပေါ့....ဆိုလိုတာက လက်ရှိ*လင်းယိရှင်း*ကအန်းစွန်းပေါ့လေ"
စုယန်ကအေးစက်စက်ဖြင့်မေးလာသည်။
"အင်း။သူမလုပ်ခဲ့တာ...ကျွန်မဆိုလိုတာလင်းယိရှင်းအတုက....ရှင့်ကိုထူးဆန်းတာတစ်ခုခုလုပ်လိုက်လို့လား"
မိမိမှာစုယန်အားခိုးကြည့်လိုက်သည်။
စုယန်မှာတန့်သွားပြီး ထိုအကြောင်းအားတွေးလိုက်သည်။
"ထူးဆန်းတာလား။တစ်ကယ်မလုပ်ပါဘူး။ငါတို့ကစုံတွဲတွေပုံမှန်လုပ်ကြပဲလုပ်ခဲ့တာလေ"
စုယန်၏စကားများမှာမိမိအားမသက်မသာခံစားရစေရန်လုပ်နေသည်။စုံတွဲတွေကပုံမှန်ဆိုဘာလုပ်ကြလဲ။အန်းစွန်းကငါ့ကိုယ်ကိုသုံးပြီး ဘာတွေလုပ်ခဲ့တာလဲ။
မိမိမှာတစ်နည်းနည်းဖြင့်ကိုယ့်ဘာသာပြင်ဆင်ထားခဲ့ပေမယ့် မြင်ကွင်းအားမိမိပုံဖော်ကြည့်လိုက်ချိန်တွင် ကျောချမ်းသွားတော့သည်။
"ဘယ်လိုဖြစ်ဖြစ် ရှလင်းရေ နင်ကဒီတစ်ချိန်လုံးယုရှောင်းနဲ့ဆက်သွယ်နေတာလား။ဘာတွေဖြစ်နေတာလဲ"
"အာ...နောက်ဆုံးကျအမှန်တရားကပေါ်သွားမယ်လို့တော့ ငါထင်သားပဲ။တစ်ကယ်တော့ ဒီတစ်ေလျှာက်လုံးကငါတို့ရဲ့အစီအစဉ်ပဲ။နင့်ကိုအသုံးချလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်..."
"နင်တို့တွေကဘာတွေကိုစီစဉ်နေတာလဲ"
"ငါတို့ကနှစ်ေတွအကြာကြီးအန်းစွန်းရဲ့လက်အောက်ငယ်သားတွေဖြစ်ခဲ့တော့ သူကပို ပိုပြီးရက်စက်ကြမ်းကြုတ်လာတယ်ဆိုတာကို သတိပြုမိခဲ့ကြတယ်လေ။ဒီတစ်ခေါက်မှာ ယုရှောင်းနဲ့ငါကသူ့ကိုပြောင်းလဲဖို့ရည်မှန်းထားတာ။ငါတို့တွေအန်းစွန်းအပြစ်တွေဆက်လုပ်နေမှာကို မလိုချင်တော့ဘူး။ငါတို့ကနှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အဆုံးသတ်တစ်ခုကိုမျှော်လင့်ထားကြတယ်..."
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...