ဂရုလေးပြန်စပါပြီရှင့်။အစအဆုံးဂရုကို၂၀၀၀ကျပ်တည်းနဲ့ဝင်လို့ရနေပြီနော်။
Ch-87 သဝန်တိုနေသောစုယန်
လုကျိန့်ရန်၏ပန်းသီးခွာစကေးသည် အလွန်အင်မတန်ကောင်းမွန်လှသည်။သူသည်စုယန်ထက်အနည်းဆုံးအဆပေါင်းများစွာပိုသာလေသည်။မိမိသည်အခွံနွှာနေသည်ကိုကြည့်နေမိသည်။သူပြီးလုနီးပါးဖြစ်နေပေမယ့် ပန်းသီးအခွံများအားလုံးမှာ ပြတ်တောက်သွားခြင်းမရှိသေးပေ။
မိမိသည်မနေနိုင်တော့ပဲ လက်ခုပ်တီးကာချီးကျူးလိုက်သည်။
"အံ့ဩစရာကောင်းလိုက်တာ။မင်းပန်းသီးကိုဘယ်လိုကောင်းကောင်းအခွံနွှာရမယ်ဆိုတာကို ဘယ်မှာသင်ထားတာလဲ"
"ဒီမှာပါ"
လုကျိန့်ရန်သည် သူ့အားမိမိ၏ချီးကျူးမှုကြောင့် နည်းနည်းပျာယာခတ်သွားပုံရသည်။သူ့မျက်နှာသည်မိမိဆီပေးလိုက်သောပန်းသီးအလားနီရဲနေသည်။
"ငါမင်းရဲ့တောင်းပန်မှုကိုလက်ခံလိုက်မယ်။ဒါပေမယ့်မင်းသာတစ်ယောက်ယောက်ကိုတစ်ကယ်ကျေးဇူးတင်ချင်ရင် ငါ့ကိုကျေးဇူးမတင်သင့်ဘူး။မှန်တာပြောရရင် မင်းအဖေရဲ့အမှုမှာငါကအများကြီးမကူလိုက်ရပါဘူး။အဲ့အစားမင်းရှောက်နျူကိုကျေးဇူးတင်သင့်တယ်။စုယန်နဲ့ရှန်ရှောက်ချင်တို့ ဒီအမှုပေါ်အာရုံစိုက်မှုတစ်ခုခုရှိလာရတဲ့အေကြာင်းအရင်းက သူမပဲလေ"
ခဏတာရပ်နေပြီးနောက် မိမိသည်ဆက်ပြောရန်ဆုံးဖြတ်လိုက်သည်။
"မင်းကျေးဇူးတင်သင့်တဲ့ နောက်တစ်ယောက်ရှိသေးတယ်။အဲ့ဒါဘယ်သူလဲမင်းသိလား"
လုကျိန့်ရန်သည်တိတ်ဆိတ်နေသည်။
"ကိစ္စတွေအဆင်ပြေအောင်ငါတို့လုပ်နိုင်ခဲ့တာက သူမကြောင့်ပဲ။သူမကငါတို့ကိုခိုင်မာတဲ့သက်သေအထောက်အထားတွေပေးခဲ့တယ်။ငါတို့တွေဘာကြောင့်နောက်ဆုံးထိုးနှက်ချက်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်က သူမပဲ"
"ကျွန်တော်..."
"မင်းဆန္ဒမရှိသေးတာရော စိတ်ထဲကခါးသက်မှုကိုလွှတ်မချနိုင်သေးတာကိုရော ငါသိပါတယ်။အဲ့ဒါကမလွယ်ဘူးလေ။ဒါပေမယ့်သူမက သူမရဲ့နောင်တကိုပြသဖို့ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေလုပ်ခဲ့ပြီးပါပြီ"

YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...