Ch-95

320 23 0
                                    

Ch-95  သူဌေးများ၏နောက်ဒရာမာတစ်ပုဒ်

  ရုတ်တရက်အတွင်းမှာပင် ရုပ်မြင်သံကြားစတူဒီယိုပတ်လည်ရှိ လူတိုင်း၏မျက်လုံးများကို မိမိခံစားလိုက်ရသည်။

  အဲ့ဒါကငါ့ရဲ့ဆဌမအာရုံလားပဲ။မိမိဘက်ဗီဒီယိုကင်မရာလှည့်လာသည်ကိုလည်း ခံစားနေရသည်။

  မိမိသည်အပြုံးတစ်ပွင့်အား အတင်းအကြပ်ထုတ်ပြုံးလိုက်ရသည်။သို့သော် အာရုံစိုက်ထားသည့်မည်သူမဆို ထိုသည်မှာကသိကအောက်ဖြစ်နေသည့်အပြုံးဖြစ်ကြောင်းပြောနိုင်ပေလိမ့်မည်။

  "အဲ့တော့ ပြောရရင်စာရေးဆရာစုမှာ ကောင်မလေးတစ်ယောက်ရှိပြီးသားပေါ့။ဖန်မိန်းကလေး‌ေတွအကုန်လုံးကတော့ နည်းနည်းလေးစိတ်ပျက်သွားကြမယ်လို့ ကျွန်မထင်တယ်နော်။ကောင်းပါပြီ နောက်အပိုင်းဆီသွားကြတာပေါ့.."

  ဤစပ်ကြားတွင်းမှာပင် စုယန်သည်မိမိနှင့်အကြည့်ချင်းဆုံကာ သူ၏တောက်ပသောအပြုံးတစ်ပွင့်အား ဖွင့်ဟပြလိုက်သည်။

  မိမိတို့တစ်ယောက်ကိုတစ်ယောက်ဆက်ကြည့်နေကြစဉ်တွင် မိမိမှာစိုးရိမ်လွန်း‌ေသာ‌ေကြာင့် လက်သီးများအားတင်းတင်းဆုပ်လိုက်မိသည်။အချိန်ကရပ်တန့်သွားသည့်အတိုင်းပင်။

  မိမိဘေးရှိမိန်းမငယ်လေးမှာ မိမိအားနားမလည်နိုင်သောအမူအယာဖြင့် ငေးကြည့်နေသည်။သူမသည်တစ်ခုခုပြောလိုက်ချင်ပေမယ့် တုံ့ဆိုင်းနေပုံရသည်။ထိုသည်မှာနောက်စက္ကန့်တွင် သူမကထဆဲတော့မည့်အလားပင်...

  ကောင်းတယ်။အခုငါက ဒီအခန်းထဲကမိန်းမတွေအားလုံးရဲ့လူထုရန်သူဖြစ်သွားပြီပေါ့။

  ရုပ်မြင်သံကြားဌာနလေထုမှာ တိတ်ဆိတ်သွားခဲ့သည်။မိမိမှာဤကဲ့သို့တင်းအားမျိုးအားကိုင်တွယ်ရန်စွမ်းအား ကင်းမဲ့နေသည်။မိမိဘေးရှိ‌မိန်းမငယ်လေးသည် သူမမျက်လုံးထောင့်မှနေ မိမိအားကြည့်နေဆဲပင်။မိမိမှာဤနေရာတွင် မနေနိုင်တော့ဟုခံစားလိုက်ရသည်။

  မိမိမှာတုံ့ပြန်ရန် သုံးစက္ကန့်ယူလိုက်ရသည်။မိမိမှာထွက်ပေါက်နှင့်အနီးဆုံးတွင် ထိုင်နေခြင်းဖြစ်သည်ကို သတိရလိုက်သည်။ထို့ကြောင့်မိမိသည်မတ်တပ်ရပ်ကာ ချက်ချင်းတံခါးမင်းတုံးကိုဖြုတ်လိုက်သည်။မိမိမှာခပ်မြန်မြန်ပြေးထွက်လိုက်၍ လက်တန်းတစ်ခုနှင့်တိုက်မိသွားသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now