Ch-129

172 18 0
                                    

Ch-129 ငါဆုံးဖြတ်ပြီးပြီ

"ကိုယ်က...အဘွားမုန့်ရဲ့အမှုသည်လေ။ဒီမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကတော့ ကိုယ်မသိဘူး။ကိုယ်ရောက်လာတော့ ရှုပ်ပွနေပြီလေ"

"အဘွားရဲ့အမှုသည်"

စုယန်သည်မိမိအားယုံကြည်မှုကင်းမဲ့သည်ကို ပြသသည့်အနေဖြင့် မျက်လုံးများအားကျဉ်းမြောင်းလိုက်သည်။

"ဟိုင်း!မင်းကစုယန်ဖြစ်မယ်"

မိမိသည်စုယန်၏ပုခုံးပေါ်ဖွဖွလေးထိုးလိုက်သည်။ဒါမျိုးကကောင်လေးတွေနှုတ်ဆက်ကြတဲ့ပုံလေ ဟုတ်တယ်မလား။

"အဘွားမုန့်ကမင်းအကြောင်းကိုမကြာခဏပြောတယ်လေ။မင်းကသူ့ရဲ့ဩချရလောက်တယ်ဆိုတဲ့မြေးလေးမလား ဟမ်။ဟားဟားဟား။ဒီနေ့တော့သူမကအလုပ်ရှုပ်နေတယ်ထင်တယ် အဲ့တော့ ကိုယ်လည်းသွားရတော့မှာပဲ ဘိုင့်"

မိမိမှထွက်သွားဖို့ပြင်လိုက်စဉ် စုယန်ကမိမိအားတားလာသည်။

"နေဦး"

"နေဦး....ဘာလဲ..?"

စုယန်ကမိမိလက်မောင်းအားဖမ်းဆွဲကာ သွားခွင့်မပြုခဲ့ပေ။ထို့နောက်သူ၏နောက်လက်တစ်ဖက်ဖြင့် နံပါတ်တစ်ခုအားဆက်သွယ်လိုက်သည်။

စားပွဲပေါ်ရှိအဘွားမုန့်၏ဖုန်းမှာမြည်လာသည်။

ကောင်းပြီလေ။ငါဝန်ခံပါတယ်...အဘွားမုန့်ကပျောက်နေပြီး သူမတိုက်ခန်းထဲထူးဆန်းတဲ့အမျိုးသားတစ်ဦးကရှိနေတာလေ။ငါဆိုလည်းကျိန်းသေသံသယဝင်မိမှာပဲ...ဒါပေမယ့်ငါကဘာပြောနိုင်မှာလဲ။ငါကလင်းယိရှင်းပါဆိုပြီးစုယန်ကိုတိုက်ရိုက်ပြောချလိုက်ရမှာလား။ငါရူးနေတာလို့သူထင်သွားမှာပေါ့။ထပ်ပြောရရင် အစောကရှလင်းကိုလူတိုင်းလုံခြုံ‌ေန‌ေစဖို့ငါထွက်သွားမယ်လို့ ပြောဖို့စီစဉ်ထားပြီးသားလေ။

"ခင်ဗျားကိုအရင်ကကျွန်တော်တစ်နေရာရာမှာမြင်ဖူးလား"

မိမိနှလုံးသားလေးမှာတဒိန်းဒန်းခုန်သွားသည်။စုယန်ကငါ့ကိုမှတ်မိနေတာလား။မဖြစ်နိုင်ဘူး။ငါတို့ကတစ်ယောက်ဝိညာဉ်ကိုတစ်ယောက်က ဖြတ်မြင်နိုင်လောက်တဲ့အခြေအနေကိုမရောက်သေးဘူးလေ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now