Ch-127 အန်းစွန်း၏ရှုထောင့်
မိမိမှာဖုန်းအားကြည့်လိုက်ရာ မိမိ၏ပုံရိပ်ကိုတွေ့လိုက်ရသည်။ဤသည်မှာအခုကစပြီးမိမိမှာလင်းယိရှင်းဖြစ်သည်ကို ကိုယ့်ကိုကိုယ်သတိပေးနေမိသည့် ပထမဆုံးအကြိမ်မဟုတ်ခဲ့ပေ။
မိမိမှာသူချစ်သောလင်းယိရှင်းဖြစ်လာစေရန် စုယန်မှမထီမဲ့မြင်ပြုထားသောအန်းစွန်းအားဖယ်ရှားဖို့ အများကြီးဖြတ်သန်းခဲ့ရသည်။
မိမိတို့မှာနှစ်နှစ်ဆယ်ကျော်ကြာကွဲကွာခဲ့ကြသည်။အခုတော့ နောက်ဆုံးမှာမိမိသည်သူ့ဘေးသို့ပြန်လာနိုင်ခဲ့လေပြီ။တိုက်ခန်းအဆောက်အဦး၏အဓိကဝင်ပေါက်တွင် လက်များဖြန့်ကာမိမိအားစိုးရိမ်တကြီးစောင့်နေသည့် စုယန်ကိုမိမိတွေ့လိုက်ချိန်တွင် နှစ်၂၀ကြာစောင့်ရသည်မှာ ထိုက်တန်သည်ဟုသိလိုက်ရသည်။
"မင်းဘယ်တွေသွားနေတာလဲ"
စုယန်ကဂရုတစိုက်ပြေးလာသည်။သူသည်မိမိအားဖမ်းဆွဲကာ သူ့ရင်ဘတ်ဆီမိမိခေါင်းအားဖိတင်ထားလိုက်သည်။
ဒီပြန်လည်တွေ့ဆုံမှုကိုအကြိမ်ဘယ်လောက်များများ ငါအိပ်မက်မက်ခဲ့ရတယ်ဆိုတာကို မင်းမသိပါဘူး။
မိမိသည်တုန်ယင်နေသောလက်များအား ဖြည်းဖြည်းချင်းမြှောက်ကာ သူ့အားပြန်ဖက်ထားလိုက်သည်။ထိုသည်ကထူးဆန်းလှသည်။အစောပိုင်း လင်းယိရှင်းနှင့်မိမိဝိညာဉ်လဲတုန်းက မိမိမှာနည်းနည်းလေးမှစိုးရိမ်ကြောင့်ကြမနေခဲ့ပေ။ဒါပေမယ့်အခုကျ ငါကတုန်ယင်နေတာကိုရပ်လို့မရနိုင်တော့ဘူး။
"ရှင့်ကိုစိုးရိမ်အောင်လုပ်မိလို့ ကျွန်မတောင်းပန်ပါတယ်"
မိမိသည်စုယန်၏ရနံ့များအားလုံးကို ပျော်ပျော်ကြီးရှူရှိုက်လိုက်သည်။မိမိမှာယစ်မူးသွားခဲ့သည်။
"မင်း...ဆုံးဖြတ်ပြီးပြီလား"
စုယန်၏အသံမှာနည်းနည်းတုန်ယင်နေသည်။
မိမိမှာသူ့အားလွှတ်ကာ သူ၏မျက်လုံးများထဲစိတ်အားထက်သန်စွာစိုက်ကြည့်လိုက်သည်။
"ကျွန်မဆုံးဖြတ်ပြီးပြီ။ကျွန်မရှင့်ကိုထားသွားမှာမဟုတ်ဘူး။ဒီဘဝမှာတော့ ကျွန်မထားသွားမှာမဟုတ်ဘူး။ကျွန်မရှင်နဲ့အဝေးကို ဘယ်တော့မှခွဲသွားမှာမဟုတ်ဘူး"
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...