Ch-120

227 20 0
                                    

Ch-120 အာကီဟာဘာရာ

  "ကျွန်မတို့ကဘာလို့ဒီကိုလာတာလဲ"

  မိမိသည်ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လိုက်သည်။ဤနေရာတွင်မည်သူမှရှိမနေပါပေ။

  "ဒီနေရာကမီးရှူးမီးပန်းတွေကြည့်ဖို့အ‌ေကာင်းဆုံးနေရာပဲလေ"

  စုယန်မှပြောပြီးသည်နှင့် အဝေးမှနေ မီးရှူးမီးပန်းများကကောင်းကင်ထက်ပေါက်ကွဲထွက်လာတော့သည်။သူမှခေါင်းမော့လိုက်ရာ မီးရှူးမီးပန်းများ၏အလင်းရောင်က သူ့ကိုကာတွန်းကားထဲမှခပ်လန်းလန်းကောင်လေးတစ်ဦးအသွင်ဖြစ်စေခဲ့သည်။မိမိမှာသူ၏ကြည်လင်သောမျက်ဆံအိမ်မှနေ အလင်းပြန်‌ေနသောမီးရှူးမီးပန်းများအား ရှင်းရှင်းလင်းလင်းမြင်နေရလေသည်။မိမိမှစုယန်အားစိုက်ကြည့်နေစဉ် သူသည်မီးရှူးမီးပန်းများအားစိုက်ကြည့်နေခဲ့သည်။

  အချိန်ခဏအကြာတွင် မိမိကရေရွတ်လိုက်သည်။

  "မဟုတ်ဘူး။ရှင့်ရဲ့မျက်ဝန်းအိမ်ကမှမီးရှူးမီးပန်းတွေကိုကြည့်ဖို့ အကောင်းဆုံးနေရာပဲ"

  "ငါ့ရဲ့ရွှေငါးလေးပါးစပ်ကဘယ်တုန်းကများအရမ်းချိုမြိန်သွားတာလဲ။မင်းပန်းသီးချိုချဉ်များစားခဲ့တာလား"

  စုယန်သည်သူ၏နှာခေါင်းနှင့်မိမိနှာခေါင်းအား ပွတ်သပ်လိုက်သည်။ထို့နောက် သူ၏နဖူးကမိမိနဖူးပေါ်ဖိကပ်လာသည်။

  "ကျွန်မကခံစားချက်တွေရှုပ်ထွေးနေရုံပါ"

  "ငါရောပဲ..."

  ထို့နောက်စုယန်ကပိုပြီးတောင်မှီလာသည်။မိမိသည်သူ့အသက်ရှူသံ၏အပူချိန်ကို ပြတ်ပြတ်သားသားခံစားရင်း မျက်လုံးများအားမှိတ်ကာ မိမိတို့ကြားရှိပြင်းထန်သောခံစားချက်ကိုအရသာခံလိုက်တော့သည်။

  မိမိမှအသက်ရှူကြပ်သလိုခံစားလိုက်ရချိန်မှ မိမိတို့နှုတ်ခမ်းများမှာ ဖယ်ခွာသွားပြီး စုယန်သည်မိမိအားဆန္ဒပြင်းပြင်းဖြင့်စိုက်ကြည့်နေခဲ့သည်။အတောက်ပဆုံးမီးရှူးမီးပန်းများအောက်တွင် စုယန်ကပါးစပ်လှုပ်ကာပြောလိုက်သည်။

  "ကိုယ်မင်းကိုချစ်တယ်"

  မိမိမှာသူဘာပြောလိုက်သည်ကိုသေချာသိနေခဲ့သည်။သို့သော်ငြား မီးရှူးမီးပန်းများကကျယ်လောင်လွန်းသောကြောင့် မိမိမှာထိုသည်ကိုမကြားနိုင်ခဲ့ပေ။သို့သော်သူ၏ပါးစပ်လှုပ်ပုံအရ မိမိမှာကျိန်းသေလုနီးပါးပင်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now