Ch-107 လျှို့ဝှက်စစ်ဆင်ရေး
"ဒါဆိုလည်း ဘာလုပ်ရမယ်ဆိုတာကိုပြောလေ။ကောင်းကျားလန်နဲ့သူ့ကလေးသာအန္တရာယ်ရှိခဲ့ရင် ကျွန်မတို့ကအပြစ်သားတွေဖြစ်လိမ့်မယ်"
စုယန်သည်ဝင်ပေါက်တံခါးမကြီးအားပိတ်ကာ မိမိအားအိပ်ခန်းထဲခေါ်သွားသည်။ထို့နောက်သူသည်အိပ်ခန်းတံခါးကိုလည်း ပိတ်လိုက်သည်။သူသည်တိုးတိုးတိတ်တိတ်ပြောလိုက်သည်။
"တိုးတိုးပြောလေ။ထုံးစံအတိုင်းဆို ဝမ်ရိဟန်ကငါတို့ကိုခဏလောက်ေစာင့်ကြည့်ဖို့ လူတွေထား ထားမှာပဲ။နံရံတွေနောက်မှာနားတွေရှိတယ်။
မိမိမှာချမ်းသာမှု၏စွမ်းအားထံမှ လုံးဝရှုံးနိမ့်သွားသည်ဟုခံစားခဲ့ရသည်။မိမိမှာအလွန်စိတ်ဖိစီးပြီးပင်ပန်းသွားခဲ့သည်။မိမိသည်စုယန်၏ကော်လံအားတင်းတင်းဆွဲလိုက်သည်။
"ဒါဆိုကျွန်မတို့ဘာလုပ်သင့်လဲ။စုယန် ကျွန်မကိုပြောပါ။ဖြေရှင်းနည်းတစ်ခုပေးဦး"
"ပထမဆုံးေရှာက်ချင်ကိုဖုန်းခေါ်ရအောင်"
စုယန်သည်သူ့ဖုန်းအားထုတ်လိုက်သည်။
"ကျွန်မတို့ကဘာလို့ရှန်ရှောက်ချင်ကို ဖုန်းခေါ်ရမှာလဲ"
"ဝမ်ရိဟန်ကဒီလောက်မြန်မြန်ကြီးတော့ တစ်ကွက်မှရွေ့မှာမဟုတ်လောက်သေးဘူး။သူကကောင်းကျားလန်ကို သူ့အိမ်ခေါ်သွားမှာတော့မဟုတ်ဘူး။ထင်ထားသလောက်တော့ သူကသူမကိုတစ်နေရာမှာဖုံးကွယ်ထားမှာပဲ။ဝမ်ရိဟန်ကသူမကိုဓားစာခံအနေနဲ့ထိန်းသိမ်းထားနိုင်မယ့်နေရာကို ရှန်ရှောက်ချင်ကရှာဖွေနိုင်လိမ့်မယ်"
"ရှန်ရှောက်ချင်မှာအဲ့လိုစွမ်းရည်မျိုးရှိတယ်ပေါ့လေ။သူအဲ့လောက်အသုံးဝင်မယ်မှန်းကျွန်မမသိခဲ့ဘူး..."
"သူ့မှာကအဆက်အသွယ်ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်လေ။ပုံမှန်ဆိုငါကသူ့ကိုစုံစမ်းရေးအလုပ် လုပ်ခိုင်းတာလေ"
"ကျွန်မတို့ကသူတို့နေရာကိုဖော်ထုတ်ပြီးရင် ဘာဆက်လုပ်မှာလဲ"
"ပြီးရင်ငါတို့ကသူမကိုသွားကယ်မှာပေါ့ ဒါတောင်မသိဘူးလား"
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...