Ch-140

225 20 0
                                    

Ch-140  ငါ့ဘဝကဟာသတစ်ခုပဲ

  လော့ကျင်းနှင့်အလုပ်သင်အသစ်မှာ မိမိဘေးမှလျှောက်သွားခဲ့သည်။သူတို့ထွက်မသွားခင် မိမိမှာကိုယ့်ကိုကိုယ်ကယ်တင်ရန်ကြိုးပမ်းလိုက်သည်။ငါစုယန်နဲ့နှစ်ယောက်တည်းရှိမနေချင်ဘူးလေ။

  "ရှင့်ကိုကူညီပေးဖို့လိုတဲ့အရေးကြီးကိစ္စတစ်ခုခုများရှိလို့လား မန်နေဂျာရှင့်"

  "မင်းရဲ့ကိုယ်ရေးအကျဉ်းကိုကြည့်ပြီးတော့ ကိုယ်သိချင်နေတဲ့အချို့အပိုင်းလေးတွေရှိနေတယ်။ကိုယ်ကမင်းကိုသီးသန့်မေးချင်လို့လေ။အဲ့ဒါနဲ့ပက်သတ်ပြီးမင်းအဆင်မပြေဘူးလား"

  စုယန်မှာ ပြေပြေပြစ်ပြစ်တုံ့ပြန်လာသည်။သူသည်မိမိတုံ့ပြန်လာမည်ကို ကြိုပြီးဖော်ထုတ်နိုင်ခဲ့ရပေမည်။

  "သေချာပေါက်မဟုတ်ဘူးပေါ့"

  မိမိမှာဆွံ့အသွားရသည်။ပြောရလျှင် လက်ရှိတွင်သူကမိမိ၏အထက်လူကြီးဖြစ်သည်။မိမိမှာအတွင်းရေးမှူးနှင့်အလုပ်သင်အသစ်၏ရှေ့တွင် သူ့အားမဆန့်ကျင်နိုင်ခဲ့ပေ။

  စုယန်မှာအခြားလူနှစ်ယောက်အားစိုက်ကြည့်လိုက်သည်။သူ့ကြည့်ရသည်မှာ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။

  "မင်းတို့တွေမသွားကြသေးဘူးလား"

  "ဟုတ်ကဲ့"

  နှစ်ယောက်သားမှာ လှစ်ကနဲထွက်သွားကြသည်။မိမိအဆူခံရတော့မည်ဟု အလုပ်သင်အသစ်ကတွေးလိုက်ပုံရသည်။အခန်းထဲမှသူထွက်မသွားခင် မိမိအားခိုးကြည့်ကာ သူ့မျက်နှာထက်တွင် စဉ်းလဲသောအပြုံးတစ်ခုရှိနေသည်။

  သောက်ကလေးစုတ်ကတော့။ငါ့ကံဆိုးမှုကို နင်ကဘာလို့ပျော်နေရတာလဲ။ပြီးတော့ အာ။စုယန်ကငါ့ကိုဘာလို့ဒီမှာနေစေချင်တာလဲ။ငါတော့တအားလန့်နေပြီနော်။လွန်ခဲ့တဲ့၃နှစ်ကစကားတစ်ခွန်းမှပြောမသွားဘဲဘာလို့ငါထွက်သွားရတာလဲလို့ သူမေးမလို့လား။ဒါမှမဟုတ် လက်စားပြန်ချေမလို့လား။ဒါမှမဟုတ်ဖြစ်နိုင်တာ...

  နေဦး။ငါတို့ကအခုလက်ရှိကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်နေကြတာလေ။သူကတစ်ခုခုလုပ်နိုင်မှာမှမဟုတ်တာ။လင်းယိရှင်း နင်လုပ်နိုင်ပါတယ်။ကြောက်ရွံ့နေတာရပ်လိုက်တော့။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)حيث تعيش القصص. اكتشف الآن