Ch-147

190 14 0
                                    

Ch-147  အိပ်ရာထဲမှာယောင်္ကျားတစ်ယောက်ကိုဘယ်တော့မှမစမိစေနဲ့
 
  နောက်ဆုံးတော့စုယန်မှာအရှုံးပေးလာသည်။

  "ကောင်းပါပြီ‌ဗျာ။ယောင်ယုဖန်ကအဘွားရဲ့ အမှုသည်‌ေလ။အဲ့တော့ ကိုယ်ကကုမ္ပဏီထဲကို သူမအကူအညီနဲ့ဝင်လာတယ်ဆိုတာကအမှန်ပဲ။ရပြီလား။ဒါပေမယ့် ကိုယ်တို့ရဲ့ပက်သတ်မှုကဒီလောက်ပဲ။ကိုယ်ကသူမအကြောင်းနဲ့ ရှုချူးချောင်ရဲ့မိသားစုကိစ္စတွေအကြောင်းကို ဘာမှမသိဘူးလို့"

  "ရှင်ရဲ့အပြန်အလှန်တုံ့ပြန်မှုတွေကိုအခြေခံလိုက်ရင်ရောဘယ်လိုလဲ။သူမကဘယ်လိုလူစားမျိုးလို့ရှင်ထင်လဲ"

  "သူမကဘယ်လိုလူစားမျိုးလဲဆိုတာကို မင်းမသိဘူးပေါ့။မင်းကဒီမှာတာဝန်ပေးခံထားရတာမလား။မင်းကဘာမှသိထားတာမရှိတဲ့အပြင် အဲ့အစားကိုယ့်ဆီကိုလာမေးနေတယ်ပေါ့လေ"

  စုယန်သည်မိမိ၏စွမ်းဆောင်ရည်များကိုမေးခွန်းထုတ်ဟန်ဖြင့်ကြည့်လာသည်။

  "ရှင်ကျွန်မကိုအပြစ်လာမတင်နဲ့။ကျွန်မရဲ့ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာရှင်နဲ့တွေ့ရမယ်လို့ ဘယ်သူကထင်ထားမှာလဲ။ကျွန်မမှာတအားကြောက်လန့်ပြီး ဘယ်စုံစမ်းမှုမှမလုပ်ခဲ့ရဘူး။အဲ့အစား ကျွန်မကဒီ‌ေန့ရှင့်ကိုတွေ့ဖို့အပြေးလာရတယ်လေ"

  "အိုး။မင်းအခုပြောတဲ့အတိုင်းဆို ကိုယ်နည်းနည်းတော့ဟတ်ထိသွားပြီ.."

  "ဂုဏ်ဆာပြမနေနဲ့။မနေ့ညကဖြစ်ခဲ့တာ‌ေတွ‌ေကြာင့်သာမဟုတ်ရင် ကျွန်မကယိမ်းယိုင်မှာမဟုတ်ဘူး"

  မိမိမှာအရေထူထူဖြင့်ပြောလိုက်သည်။

  "ဒါပေမယ့် ကိုယ်တို့ဘာလုပ်ကြမလဲ။မင်းကိုရှုချူးချောင်ကလွှတ်လိုက်တာ။အများအမြင်မှာတော့ ကိုယ်ကယောင်ယုဖန်ဘက်ကပဲ။ဒီအဓိပ္ပာယ်ကကိုယ်တို့တွေအချင်းချင်းဆန့်ကျင်ကြရမယ်ဆိုတာပဲ"

  "အစက ကျွန်မသာဥက္ကဌရှုရဲ့ဝိညာဉ်ကိုတွေ့နိုင်ခဲ့ရင် အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့မှာပဲ။ဒါပေမယ့်သူကဝင်စားသွားနှင့်ပြီလို့ ကျွန်မထင်တယ်။ကျွန်မသူ့တည်ရှိမှုကို လုံးဝမခံစားမိသလို မြင်လည်းမမြင်ရဘူး။ရှင်ကျွန်မကိုယောင်ယုဖန်နဲ့တွေ့ဖို့ အခွင့်အရေးတစ်ခုပေးလို့ရမလား။အသေးစိတ်ပြောရရင် ကျွန်မကသူမနဲ့နှစ်ယောက်တည်း အချိန်တစ်ချို့ဖြုန်းနိုင်ရင် အကောင်းဆုံးပဲပေါ့"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now