Ch-27 တက္ကသိုလ်ဟိုတယ်ပါတီ
မိမိ၏တက္ကသိုလ်နှစ်များတွင် မိမိသည်မိမိကိုယ်ကိုထောက်ပံ့ရန်ငွေရှာရင်းသာအလုပ်ရှုပ်နေခဲ့ရသည်။ရလဒ်အနေဖြင့် မိမိမှာအတန်းပါတီဟုခေါ်သည်များကိုတစ်ခုမှ မသွားခဲ့ရပေ။မိမိစိတ်ထဲမှာတော့ တက္ကသိုလ်ပါတီဆိုသည်မှာ လူတိုင်းက စားပွဲတစ်ခုတွင်ဝိုင်းထိုင်ကာ ဘီယာသောက်ရင်း စကားပြောကြလိမ့်မည်ဟုတွေးမိသည်။ထို့နောက် သူတို့မှာကာရာအိုကေသွားဆိုကြတာလည်းဖြစ်လိမ့်မည်။သူတို့သီချင်းအဝဆိုပြီးသည်နှင့် သူတို့မှာဘားသွားခြင်းဖြင့်ညကိုအဆုံးသတ်လိုက်ကြပေလိမ့်မည်။
ထို့ကြောင့်တက္ကစီမှမိမိဦးတည်ရာဆီ ရပ်လိုက်သောအခါ မိမိမှာကိုယ့်မျက်လုံးကိုပင်မယုံနိုင်ခဲ့ပေ။
တက္ကစီခသက်သက်ကိုပင် 100rmbလောက်ကျသွားသည်။ထပ်ပြောရလျှင် ဤနေရာမှာမြို့၏ကြယ်ငါးပွင့်ဟိုတယ်ဖြစ်နိုင်သည်။
ခမ်းနားထည်ဝါသောနီယွန်မီးများသည် အဆောက်အဦးတစ်ခုလုံးအား ထူးထူးခြားခြားတောက်ပအောင်ပြုလုပ်ပေးနေသည်။ညအမှောင်တွင် ထိုအလင်းများသည်ပတ်ဝန်းကျင်အား လင်းထိန်နေစေသည်။မိမိသည်ခေါင်းမော့လိုက်ပြီး တတ်နိုင်စွမ်းမရှိတော့ဘဲ အံ့ဩတကြီးပါးစပ်ဟောင်းလောင်းဖြစ်သွားရသည်။ဒီနေရာက....
"ဦးလေး ဒီနေရာကကျွန်မပေးတဲ့လိပ်စာဆိုတာသေချာလား"
တစ်ကြိမ်ထပ်ပြီး မိမိသည်မိန်းကလေးပေးခဲ့သည့်ဖိတ်စာကဒ်အား ဒရိုင်ဘာဆီပြလိုက်သည်။
"ရှင်နေရာမှန်ရောက်လာတာ သေချာပါတယ်နော်"
"အမှန်ပဲလေ။ငါမင်းတဲ့လိပ်စာအတိုင်းသွားခဲ့တာပဲ"
ဒရိုင်ဘာသည် သူ၏GPSအားပြလိုက်သည်။
"ကောင်မလေး မင်းငါ့ကိုပိုက်ဆံမပေးချင်လို့ ဒီလိုလုပ်နေတာလား"
"ကျွန်မအဲ့လိုသဘောမျိုးနဲ့ေပြာတာမဟုတ်ပါဘူး...."
မိမိသည်လက်ထဲမှကတ်အားပြန်ယူလိုက်သည်။မိမိမှာရွေးချယ်စရာမရှိတော့သော်ငြား တက္ကစီခအားမြန်မြန်ပေးကာ အထင်ထပ်မလွှဲလာခင်ဆင်းလိုက်သည်။မိမိမှာ ဆင်းလာလိုက်ပြီး ဟိုတယ်ရှေ့တွင်ကြောင်တောင်တောင်ရပ်နေလိုက်သည်။အချိန်နှင့်အမျှ ဇိမ်ခံကားများသည် မိမိဘေးတွင်ရပ်လာကြပြီး မိန်းမပျိုများလေးများသည် ပွဲတက်ဝတ်စုံများဖြင့် ဖြတ်လျှောက်သွားကြသည်။
![](https://img.wattpad.com/cover/337436623-288-k849733.jpg)
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...