Paidမှာ အပိုင်း၉၀ကျော်သွားပါပြီနော်။
Ch-30 ရှုဝေ့ရှန်၏မှတ်ဉာဏ်များအား ဖြတ်သန်းခြင်း
"ကျွန်မကမြင်ပဲမြင်နိုင်ပြီးဘယ်တော့မှမပြောနိုင်လဲ ဘာဖြစ်လဲ..."
အဘွားမုန့်သည်ဖြည်းဖြည်းချင်းထရပ်ကာ ခေတ်ဟောင်းကြွေပန်းကန်လုံးတစ်ခုအား ထုတ်ယူရန်ကြောင်အိမ်ဆီလမ်းလျှောက်သွားလိုက်သည်။သူမသည်ပန်းကန်လုံးအား မိမိရှေ့တွင်ထားကာ
"သရဲတွေနဲ့ဆက်သွယ်ဖို့နည်းလမ်းတစ်ခုရှိတယ်...ငါမင်းကိုကူညီပေးနိုင်တယ်။ဒါပေမယ့်သံသယမဝင်ခင် ဒီနည်းလမ်းမှာအန္တရာယ်ရှိတဲ့အချက်တစ်ချက်ရှိတယ်နော်။မင်းအနေနဲ့အဲ့ဒါကိုကြိုတွေးထားဖို့ငါတိုက်တွန်းချင်တယ်"
"ဘာနည်းလမ်းမျိုးလည်းဟင်"
မိမိသည်စပ်စုချင်စိတ်၏တွန်းအားပေးမှုကိုလုံးဝခံနေရသည်။
"ငါကသရဲကိုမင်းခန္ဓာကိုယ်ထဲဝင်ခွင့်ပြုလိုက်မယ်။တစ်ချိန်ထဲမှာ မင်းတို့နှစ်ယောက်က ခန္ဓာကိုယ်တစ်ခုထဲသုံးရမှာပေါ့။မင်းကတော့ အချင်းချင်းရဲ့အတွေးတွေကိုတိတိကျကျသိနိုင်လိမ့်မယ်။ဒါကိုမှတ်ဉာဏ်ဖလှယ်ခြင်းလို့ခေါ်တယ်"
"ဒါဆိုကျွန်မကသူမရဲ့ဘဝကိုသိရမှာပေါ့"
"မင်းတို့အတွေးတွေကအပြန်အလှန်ချိတ်ဆက်နေလိမ့်မယ်။အဲ့ဒါကစိတ်တွင်းဖလှယ်တဲ့အမျိုးအစားမျိုးပဲ။ဒါပေမယ့်မင်းတွေ့ရှိသမျှကအမှန်တရားဖြစ်လိမ့်မယ်လို့တော့ ငါအာမမခံပေးနိုင်ဘူး။တစ်ကယ်လို့သရဲကသာ မင်းကိုလိမ်ဖို့ဆုံးဖြတ်လိုက်ရင် မင်းသိသမျှတိုင်းကအလိမ်အညာတွေပဲဖြစ်နေလိမ့်မယ်"
မိမိသည်အဘွားမုန့်၏စကားများအား အကြမ်းဖျင်းနားလည်လိုက်၍ လှည့်လိုက်ကာအပြင်ဘက်တွင်ရပ်နေသောရှုဝေ့ရှန်ထံ အကြည့်တစ်ချက်ပစ်လွှတ်လိုက်သည်။သူမသည်မိမိအားစိုးရိမ်တကြီးစောင့်ရင်း အထဲကိုလည်ဆန့်ကြည့်နေသည်။
"ဝိညာဉ်တွေခန္ဓာကိုယ်ထဲဝင်နိုင်တာကရုပ်ရှင်တွေထဲပဲရှိလိမ့်မယ်လို့ ကျွန်မကထင်ခဲ့တာ"
![](https://img.wattpad.com/cover/337436623-288-k849733.jpg)
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...