Paid gpမှာအစအဆုံးပြီးထားပါပြီနော်။
Ch-93 ရုပ်မြင်သံကြားဌာန
လရောင်မှတစ်ဆင့် မိမိသည်ကောင်းကျားလန်၏မျက်နှာပေါ်မှ ဝမ်းနည်းမှုကိုမြင်နေရလေသည်။
"ပထမကတော့ နင်ကအခြားလူတွေရဲ့အာရုံစိုက်မှုကိုရဖို့ လိမ်ပြောရတာကြိုက်တယ်လို့ ငါထင်ခဲ့တာ။ဒါပေမယ့်နောက်တော့မှ အဲ့လိုမဟုတ်ဘူးဆိုတာကို ငါတဖြည်းဖြည်းသိလာခဲ့တယ်...နောက်ဆုံးတော့နင်ကသရဲတွေကိုမြင်နိုင်တယ်ဆိုတာ ငါကျိန်းသေသိသွားခဲ့တယ်။ငါအရမ်းမနာလိုတာပဲ...အခြားသူတွေကတွေ့ချင်ပေမယ့် နောက်တစ်ခါဘယ်တော့မှတွေ့လို့မရတော့တဲ့သူတွေကို နင်ကမြင်နိုင်နေတယ်လေ"
အဲ့ဒါကိုမပြောနဲ့။အဲ့ဒါကိုမပြောနဲ့။နင်ဘာမှမသိဘူး လင်းယိရှင်း။အဲ့ဒါကိုမပြောနဲ့။
"အသက်၂၅နှစ်လောက်ရှိမယ်။၁၈၀စင်တီမီတာနီးပါးအရပ်နဲ့။အတော်လေးပိန်တယ်။မျက်ဆံနက်နက်တွေ။သန့်ရှင်းသပ်ရပ်တဲ့ဆံပင်တို။သူ့ရဲ့ဘယ်ဘက်မျက်လုံးထောင့်မှာမှဲ့တစ်ခုရှိတယ်။နင်သူ့ကိုသိလား"
ဤအမျိုးသမီး၏စိတ်ပျက်နေသောအမူအယာကြောင့် မိမိမှာတစ်ကယ်ထိန်းမထားနိုင်တော့ပေ။ထိုသည်ကသူမသည် ကမ္ဘာတစ်ခုလုံး၏ထောင့်တွင်သာရပ်နေသည့်အလားပင်။ထိုသည်ကမိမိအားသူမကိုလျစ်လျူရှုရန်ခက်ခဲအောင်လုပ်နေသည်။
မိမိ၏ဖော်ပြချက်ကိုကြားပြီးသည်နှင့် ကောင်းကျားလန်သည် သူမပါးစပ်အားတုန်လှုပ်စွာအုပ်လိုက်သည်။သူမသည်ဆောင့်ကြောင့်ထိုင်ချကာ ခံစားချက်များဖြင့်မျက်ရည်များသည်သူမမျက်နှာမှနေစီးကျသွားသည်။
"ငါမှန်တယ်။နင်ကသူ့ကိုမြင်နေရတယ်။အဲ့လူကငါ့ရဲ့အမျိုးသားပါ"
- - - - -
မနက်စာစားနေချိန်တွင် လေထုမှာအလွန်ထူးဆန်းနေသည်။ထုံးစံအတိုင်း ထိုသည်မှာလွန်ခဲ့တဲ့နာရီအနည်းငယ်မှ ကောင်းကျားလန်၏စကားဝိုင်းကြောင့်ဖြစ်သည်။ထိုအချိန်ကတည်းမှ မိမိတို့ထဲရှိဘယ်သူမှဘာမှမပြောကြတော့ပေ။
ကောင်းကျားလန်မှစုယန်၏အမူအယာအားကြည့်နေစဉ် မိမိမှာကောင်းကျားလန်အားကြည့်နေသည်။စုယန်မှာတော့ မိမိအားတိတ်တိတ်ေလးစူးစမ်းနေသည်။

YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...