Ch-99

258 16 0
                                    

Ch-99  ရုပ်မြင်သံကြားဌာနသို့ထပ်မံဦးတည်ခြင်း

  "ယုတ္တိမရှိလိုက်တာ..."

  မိမိမှာရေရွတ်လိုက်သည်။ရုတ်တရက်ဆိုသလို မိမိသည်ပြန်လှည့်လိုက်ပြီး စုယန်အားထိုးစစ်ဆင်လိုက်သည်။မိမိသည်သူ့ထံအမြန်ပြေးချသွားပြီး သူ့မျက်နှာကိုဆွဲကာ ခြေဖျားထောက်ရပ်၍သူ၏နှုတ်ခမ်းများပေါ် အနမ်းကြီးတစ်ပွင့်စိုက်ပျိုးလိုက်သည်။

  သူ့နှုတ်ခမ်းများမှ မတ်ပဲအရသာရနေခဲ့သည်။

  စုယန်သည်အလွန်အံ့အားသင့်သွားသည်။သူမျက်လုံးများမှာ ဖြူစင်ရိုးသားသောမိန်းမပျိုလေးအလားပြူးကျယ်သွားသည်။သူသည်အူကြောင်ကြောင်ပုံပေါ်နေခဲ့သည်။

  "ဘာလဲ။ရှင်ကသာအကွက်ရွေ့နိုင်မယ့်တစ်ဦးတည်းသောလူလို့ထင်နေတာလား။ပြီးတော့ကျွန်မက‌ေရာလုပ်လို့မရနိုင်ဘူးလား"

  မိမိမှာမျက်နှာထက်တွင်မာန်ဝင့်နေသောအပြုံးဖြင့် စုယန်အားဖက်လိုက်သည်။

  မိမိမှသူ့အား‌ေပွ့ဖက်လိုက်ချိန်တွင် မိမိမှာသရဲဖြစ်ခဲ့စဉ်ကဘယ်လိုခံစားခဲ့ရသည်ကို ရုတ်ချည်းအမှတ်ရလာခဲ့သည်။မိမိမှသူ့အားမပွေ့ဖက်နိုင်တော့သည်ကိုတွေ့ရှိလိုက်ရသောအခါက မိမိမှာအလွန်ကြောက်လန့်သွားခဲ့ရသည်။သူ့ကိုဤကဲ့သို့ပွေ့ဖက်ခြင်းကသာ မိမိအားစစ်မှန်သောလုံခြုံသည့်ခံစားချက်ကိုပေးလေသည်။

  အလားတူပင် ဝမ်ယုဖန်ပေါ်လာရသည်မှာလည်း သူ့တွင်မိမိကဲ့သို့ခံစားချက်အချို့ခံစားနေရသောကြောင့်ဖြစ်မည်။

  ဒါမှမဟုတ် ဖြစ်နိုင်သည်မှာ သူကမိမိအားကောင်းကျားလန်ကိုကူညီစေချင်တာလည်းဖြစ်မည်။သို့သော် ဝမ်ယုဖန်ပေါ်မလာရင်တောင်မှ သူမ၏ဇာတ်ကြောင်းအားကြားပြီးသည်နှင့် မိမိမှာမခံစားရဘဲနေမှာမဟုတ်ပါပေ။

- - - - -

  စက်တင်ဘာလဖြစ်သည်။ကမ္ဘာကြီးပူနွေးလာမှုသည်အသစ်အဆန်းဟုတ်မနေတော့ပေမယ့် ရာသီဥတုမှာကျေနပ်စရာမရှိဘဲမိမိတို့အားလဲမကျခင်ကို ကင်ချင်နေခဲ့သည်။ယနေ့အပူချိန်မှာ ၄၀ဒီဂရီဆဲစီးယပ်လောက်ထိမြင့်နေခဲ့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now