Ch-124

156 16 0
                                    

Ch-124  Overwhelmed

  "အဘွား တော်လောက်ပြီ"

  စုယန်ကအော်လိုက်သည်။

မိမိမှာစုယန်၏မိဘများသေဆုံးရသည့်အကြောင်းရင်းကို ဘယ်တုန်းကမှမသိခဲ့ပေ။စုယန်အားမိမိနှင့်ဂျပန်သွားရန်တတ်နိုင်သမျှလုပ်ခဲ့သေးသည်။

  ရုတ်ချည်း မိမိနှလုံးသားမှာတဒိတ်ဒိတ်ခုန်လာသည်။စုယန်.....

  "အဲ့မတော်တမှုဖြစ်ပြီးနောက်မှာ ရှောင်စုနဲ့ငါကအဲ့ကလေးနဲ့ပက်သတ်တဲ့အနှောင်အဖွဲ့မှန်သမျှကိုဖြတ်ခဲ့ကြတယ်။ငါတို့တွေတရုတ်ကိုပြန်လာပြီး ဘဝသစ်စခဲ့ကြတယ်။သမိုင်းကသူ့ဘာသာတစ်ပတ်ပြန်လည်လာမှာစိုးလို့ ငါကအမြဲ‌ေရှာင်စုနဲ့သီးခြား‌ေနဖို့ ကိုယ့်ဘာသာအစွမ်းကုန်ကြိုးစားခဲ့တယ်။ဒါကပဲငါတို့တွေဘာကြောင့်အတူမနေရတယ်ဆိုတာပဲ။မတော်တဆဖြစ်လာရင်တောင် အနည်းဆုံးတော့သူ့ဆီသက်ရောက်မလာတော့ဘူးလေ..."

  "အဘွား ရပြီ။သူမကိုဒါတွေပြောပြနေရတဲ့အကြောင်းရင်းကဘာလဲ။ယိရှင်းကအဲ့ကလေးမဟုတ်ဘူး။သူမကလုပ်မှာမဟုတ်....."

  "အဲ့ဒါကပဲဘာကြောင့်ပိုပြီးတောင်အန္တရာယ်များရတယ်ဆိုတာပဲ။လင်းယိရှင်းမှာစွမ်းရည်တွေရှိပေမယ့် သူမကအဲ့ဒါကိုဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို မသိဘူးလေ။ဆိုးဝါးတဲ့ဝိညာဉ်တွေက သူမအပေါ်အခွင့်အရေးယူသွားနိုင်တယ်"

  ရုတ်တရက်မိမိမှာအလွန်အသုံးမဝင်သလိုခံစားလိုက်ရသည်.....ငါကဘာလို့ဒီမှာရှိနေတာလဲ။မိမိမှာတစ်ကယ်ကိုပျောက်ကွယ်သွားချင်ခဲ့သည်။ထိုသည်ကဘယ်နေရာဖြစ်ပါစေ ကိစ္စမရှိပေ ; မိမိပျောက်ကွယ်သွားနိုင်သရွေ့ပေါ့။

  ယခု မိမိမှာစုယန်ကဘာကြောင့်သရဲကြောက်ရသည်ကို နားလည်လိုက်ရသည်။သူ့မိဘတွေက သူတို့တွေကြောင့်သေခဲ့ရတာလေ။အဲ့မတော်တဆဖြစ်ရပ်က သူဘယ်တော့မှကျော်လွှားနိုင်မှာမဟုတ်တဲ့ စိတ်ထိခိုက်စရာအခိုက်အတန့်တစ်ခုဖြစ်ရမယ်။မိမိမှာမတတ်နိုင်ဘဲ မိမိသရဲမြင်ရသည်ကို သူရှာတွေ့ခဲ့ချိန်က ဘယ်လိုခံစားခဲ့ရမည်ကိုပုံဖော်ကြည့်လိုက်သည်။

  အဲ့ဒါကသူ့ကိုအတိတ်ဆီပြန်အမှတ်ရစေခဲ့တာလား။အဲ့လိုသာဆို သူဘာတွေတွေးနေမလဲ။သူကငါ့ကို သူ့ဘဝရဲ့အစိတ်အပိုင်းအကြောင်းပြောမပြဖို့ဘာလို့ရွေးချယ်ခဲ့တာလဲ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now