Ch-132

201 15 0
                                    

Ch-132  နင်ကရူးနေတဲ့လူတစ်ယောက်ပဲ

  မိမိမှာချက်ချင်းအေးခဲသွားသည်။မိမိသည်သူ့အားရန်ပိုစမိသွားမည်ကိုစိုးထိတ်ခဲ့သည်။မိမိသာဤအချိန်မှအသက်ရှင်လျက်‌ေကျာ်ဖြတ်နိုင်ခဲ့လျှင် ဤသည်အားမိမိ၏ကိုယ်ရေးအကျဉ်း‌ေပါ်တွင်ကျိန်းသေထည့်ထားမည်ဖြစ်သည်။မိမိမှာ*မိမိ*၏ဓားစားခံတစ်ကြိမ်ဖြစ်ခဲ့သည်။*မိမိ*မှာသေနတ်အားမိမိခေါင်းပေါ်ဖိချလိုက်သည်။ဤကဲ့သို့ဖြစ်ရပ်မျိုးအား အခြားမည်သူကြုံဆုံဖူးပါအံ့နည်း။

  "မင်းဘာလုပ်နေတာလဲ"

  စုယန်သည်မိမိနှင့်အန်းစွန်းတို့ဘာဖြစ်နေကြသည်ကို မမြင်ရ၍စိုးရိမ်နေခဲ့သည်။သူသည်မိမိလက်ပေါ်ရှိသူ၏ဆုပ်ကိုင်ထားမှုကိုပို၍တင်းကြပ်လိုက်သည်။

  "စုယန် မကြောက်ပါနဲ့။ငါကသူမကိုနည်းနည်းခြောက်လိုက်ရုံပါ။စိတ်မကောင်းစရာက အဲ့‌ဒါကသက်ရောက်မှုရှိပုံမရဘူး။မင်းရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုကငါ့ကိုပိုပြီးဝမ်းနည်းအောင်လုပ်နေတာပဲ"

  အန်းစွန်းကမိမိပေါ်သေနတ်ဖြင့်ပိုပြင်းပြင်းဖိထားသည်။

  မိမိ၏တုံ့ပြန်မှုကင်းမဲ့နေသည်မှာ မိမိသည်ကြောက်ရွံ့မနေ‌ေကြာင်းအား ညွှန်ပြသည့်အရာတစ်ခုဟုအန်းစွန်းကယူဆလိုက်သည်....သို့သော်အမှန်တရားမှာ မိမိသည်ကြောက်လန့်နေခဲ့သည်...

  မိမိ၏မျက်လုံးထောင့်များမှနေ မိမိသည်သေနတ်၏အစိတ်အပိုင်းများအားအသေးစိတ်စစ်ဆေးလိုက်သည်။အကြောင်းရင်းအချို့ကြောင့် မိမိမှာပြောလိုက်မိသည်။

  "နင်ပစ်ရဲလား"

  မိမိမှထိုစာကြောင်းအားပြောပြီးသည်နှင့် နောင်တရသွားခဲ့သည်။ငါကသူ့ကိုဒီထက်ပိုပြီးရန်မစသင့်တော့ဘူးလို့။မိမိပြောလိုက်သလိုပင်ဖြစ်သည်။

  "ဟားဟားဟား။နင့်မှာစွမ်းရည်ရှိရင်လည်း ငါ့ကိုပစ်လိုက်လေ။နင်ကကြက်ပေါက်လေးတစ်ကောင်ပဲကို"

  "ယိရှင်း"

  စုယန်ကမိမိအားတားရန်အော်လိုက်သည်။သို့သော်ထိုသည်ကနောက်ကျလွန်းသွားခဲ့လေပြီ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now