Ch-150

130 17 1
                                    

Ch-150  ရှုစန်း၏ဝိညာဉ်

  အဓိကအချက်ကို မိမိမှလုံလုံလောက်လောက်မြင်ခဲ့ပြီးဖြစ်သည်။မိမိသည်ယောင်ယုဖန်၏အသိစိတ်ထဲမှထွက်လာပြီး အစစ်အမှန်ကမ္ဘာဆီပြန်ရောက်လာခဲ့သည်။အချိန်အတော်ကြာသည်ထိ မိမိမှာရှိနေသည့်နေရာမှာပင် ဆက်ရပ်နေခဲ့သည်။မိမိမှာဗလာဖြစ်သွားသလိုခံစားနေရသည်။မိမိမှာဤသတင်းများအား ရှုချူးချောင်ဆီပြောသင့်သည်လားကိုပင် မသိတော့ပေ။

  ရှုချူးချောင်မှသူမအားဘယ်လောက်တောင် မုန်းတီး၍မထီမဲ့မြင်ပြုထားသည်မှလွဲ၍ ယောင်ယုဖန်မှာ သူမ၏အတိတ်အကြောင်းအားသူ့ဆီဘယ်တုန်းကမှမပြောပြခဲ့ဖူးပေ။သူမသည်သူ့အားကာကွယ်ပေးဖို့ကြိုးစားနေသည်။ဒါဆိုငါကသာဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်မယ့်လူဖြစ်နေမလား။

  သို့သော်မိမိမှသူ့အားမပြောပြခဲ့လျှင် ထိုသည်ကမိမိ၏အလုပ်ကျရှုံးသည်ဟုဆိုလိုလေသည်။ငါဘာလုပ်သင့်လဲ။

  မိမိတွင်ရွေးချယ်စရာအာဏာမရှိပေ။မိမိအလုပ်မှာ မိမိ၏အမှုသည်များအားသူတို့သိချင်သမျှကို ပြောပြဖို့ဖြစ်သည်။ငါကအခြားကိစ္စတွေနဲ့ပက်သတ်ပြီးစိုးရိမ်မနေဘဲ ရှုချူးချောင်ကိုအမှန်အတိုင်းပြောပြရမယ်။

  ဟုတ်တယ်။ငါကငါ့အလုပ်ကိုလုပ်ရမယ်။အဲ့ဒါကအမြဲတမ်းဒီလိုမျိုးပဲလေ ဟုတ်တယ်မလား။မိမိသည်ကိုယ့်ဘာသာသတိပေးကာ ရုံးခန်းထဲမှပြေးထွက်လာလိုက်သည်။

  "မင်းပြီးသွားပြီလား"

  စုယန်သည်တံခါးပေါက်၌ဆောင့်ကြောင့်ထိုင်နေခဲ့သည်။သူသည်မိမိအားမြင်သည်နှင့်မတ်တပ်ရပ်လိုက်သည်။

  "အင်း"

  "ကောင်းကောင်းအလုပ်ဖြစ်ရဲ့လား။မင်းအမူအယာကကောင်းတဲ့ပုံလည်းပေါက်မနေဘူး"

  "ကျွန်မအဆင်ပြေပါတယ်။အဲ့ဒါကျွန်မမှာအချိန်တစ်ရက်ပဲရှိတာကြောင့်နေမယ်။မနက်ဖြန်ကျ ကျွန်မရုံးကိုမလာနိုင်လောက်ဘူး။ကျွန်မ အရာအားလုံးကိုအပြီး‌ေရးပြီး တစ်နေကုန်ရင်သူ့ဆီကိုအစီရင်ခံစာပေးဖို့လိုတယ်"

  "ရုံးသွားတာနဲ့ပက်သတ်ပြီးစိတ်မပူပါနဲ့။ကိုယ်ကဒီမှာရှိနေတုန်းပါ။မင်းရဲ့အစီရင်ခံစာကို မတင်သွင်း‌ေသးခင်ထိ ကိုယ်ကမားကတ်တင်းမန်နေဂျာဖြစ်နေတုန်းပါပဲ။မနက်ဖြန်ကျမင်းအတွက်ကို ကိုယ်ဖုံးထားပေးပါ့မယ်"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now