Ch-142

156 18 0
                                    

Ch-142  မင်းကဘာလို့ကော်လံမြင့်တဲ့ရှပ်အင်္ကျီဝတ်လာတာလဲ

  "ဒါ-ဒါပေါ့။နင်ကဘာကိုဆိုလိုတာလဲ"

  "ဘာမှမဟုတ်ပါဘူး။မင်းမနေ့ညကဘယ်လိုနေလဲဆိုတာကို ငါတွေးမိရုံပါ။ငါတို့ထဲမှာမင်းကအများဆုံးသောက်ခဲ့တာလေ။ဒါတောင်မင်းကအိမ်ပြန်အပို့မခံဖို့ဆုံးဖြတ်ထားသေးတယ်။အဲ့တော့ မင်းတစ်ကယ်ပြန်ရောက်ရဲ့လား သိချင်နေလို့လေ"

  "ငါပြန်ရောက်ပါတယ်...ဒါပေမယ့် မနေ့ညကငါ့ဘာသာငါထွက်သွားတာလား"

  "အင်းလေ။မင်းကအဆန်းကြီးနော်။မင်းကလမ်းတောင်ဖြောင့်အောင်မလျှောက်နိုင်တော့ဘူး။မင်းပြန်ရောက်တယ်ဆိုတော့ ငါအံ့ဩမိပါရဲ့"

  အဲ့တော့ဆိုလိုတာက ဘာဘီကျူးဆိုင်မှာစုယန်ပေါ်မလာခဲ့ဘူးပေါ့။ဒါဆိုငါတို့ကဘယ်အချိန်မှာတွေ့ကြတာလဲ။လမ်းတွေပေါ်မှာငါဆင်ကန်းတောတိုးသွားနေတုန်းကလား။မိမိမှာမျက်လုံးများအား မှေးလိုက်သည်။ငါတော့ ငါစိုက်ကြည့်နေတာကိုမှတ်မိပြီထင်တယ်....

  စုယန်၏ပူလောင်နေသောအကြည့်မှာ မိမိထံမှနေတစ်ကြိမ်မှရွေ့မသွားကြောင်းကို မိမိ၏အလိုလိုသိစိတ်ကပြောနေခဲ့သည်။ထို့ကြောင့် မိမိသည်ခေါင်းအားကျုံ့ကာ အလုပ်စားပွဲနောက်တွင်ပုန်းနေခဲ့သည်။

  တစ်သက်လုံးပုန်းနေလို့မရမှန်း မိမိသိသည်။သို့သော် မနေ့ည၏အဖြစ်အပျက်အတွက်ဖြေရှင်းချက်တစ်ခုကို မိမိမတွေးမိသေးပေ။

  ဖြေရှင်းချက် ဖြေရှင်းချက်။အိုး ဟုတ်သားပဲ။နည်းလမ်းတကျပြောရရင် စုယန်ကမှငါ့ကိုဖြေရှင်းချက်ပေးရမယ့်လူလေ။ငါကတအားမူးနေခဲ့တာပဲ။ငါ့စိတ်ကအသိစိတ်ရှိမနေဘူးလေ။ဒီမှာငါကနစ်နာသူပဲ။

  မဟုတ်ဘူး မဟုတ်ဘူး။ငါအဲ့လိုမျိုးလည်းတွေးလို့မရဘူးပဲ။ငါကြားတာတော့ ငါကမူးနေတဲ့အချိန်ဆို ရှန်ရှောက်ချင်ရဲ့အမျိုးသမီးဗားရှင်းလိုလုပ်တယ်တဲ့။ငါကမြင်သမျှလူတိုင်းကိုဖက်တယ်။အနားမှာရှိသမျှလူတိုင်းကို လိုက်ပြီးဖက်လှဲတကင်းလုပ်တယ်တဲ့။ငါကအရူးပဲ....

  "လင်းယိရှင်။မန်နေဂျာကမင်းကိုခေါ်နေတယ်"

  ကောင်းဇီကျွင်းမှာ သူ၏အလုပ်ခုံမှနေပြောလာသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now