Ch-105

228 15 0
                                    

Ch-105  ယိရှင်း၏ကလေးဘဝမှတ်ဉာဏ်(P-2)

  မိမိဘဝမှာနောက်ဆုံးတော့လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီဟုထင်ခဲ့သည်။မိဘမဲ့ဂေဟာမှကလေးများက မိမိအားမထီမဲ့မြင်ပြုခဲ့ကြပေမယ့် အနည်းဆုံးတော့ စာသင်ခန်းထဲတွင်မိမိမှာ‌ေပါ့‌ေပါ့ပါးပါးနေနိုင်ခဲ့သည်။

  တစ်ရက်မတိုင်ခင်ထိပေါ့....

  မိမိတို့၏ကာယအတန်းချိန်ဖြစ်သည်။ရုတ်တရက် ကာယဆရာမှာ အစာအိမ်အောင့်လာ၍ မိမိတို့၏အတန်းပိုင်ဆရာက မိမိတို့ကိုအစားဝင်ကြီးကြပ်ပေးလာခဲ့သည်။မိမိတို့တွင် အလိုရှိသမျှလှုပ်ရှားမှုများကိုလုပ်ရန် အားလပ်ချိန်ရှိလေသည်။

  ကျောက်တုံး၊ကတ်ကြေး၊စက္ကူဆော့ပြီးနောက် မိမိရှုံးသွားပြီး လင်းယုန်လုပ်လိုက်ရသည်။ကစားနည်းမှာ လင်းယုန်ကကြက်ပေါက်အားဖမ်းဆီးခြင်းဖြစ်သည်။မိမိတို့ကစားနေစဉ်တွင် ရုတ်တရက်ဆန်ဆန် အဝေးရှိသစ်ပင်တစ်ပင်အောက်မှနေ မိမိတို့အားငေးကြည့်နေသည့် ကလိမ်ကကျစ်ကျသည့်ပုံဖြင့်အမျိုးသားတစ်ယောက်ရှိနေသည်။

  မိမိမှာ မကောင်းသောကြိုတင်သတိပေးချက်တစ်ခု ရလိုက်ပြီး ခြေလှမ်းများအားရပ်ကာထိုဘက်ကိုလှည့်ကြည့်လိုက်သည်။

  ထိုအခိုက်တွင် မိမိမှာသရဲအမျိုးသားနှင့် တိုက်ရိုက်အကြည့်စုံသွားပြီး မိမိမှသူ့အားမြင်နိုင်သည်ကို သူသိသွားခဲ့သည်။သူသည်ဖုံးကွယ်ထားသည့်ဆိုးဝါးသောအကြံအစည်များရှိနေသလို ညစ်တစ်တစ်ပြုံးလိုက်သည်။ထို့နောက်သူသည်မိမိနောက်မှနေ တအိအိဖြင့်လိုက်ဖမ်းတော့သည်။

  "ငါနဲ့ဝေးဝေးသွားစမ်း။အား!!ဝေးဝေးမှာနေ"

  မိမိသည်ဖြေရှင်းနည်းတစ်ခုမှမတွေးနိုင်တော့ဘဲ အရူးတစ်ယောက်လိုအားကစားကွင်းဘက်ပြေးတော့သည်။တစ်ချိန်တည်းတွင် အမျိုးသားသည်မိမိအား မဆုတ်မနစ်လိုက်ဖမ်းနေဆဲပင်။မိမိမှာအလွန်ကြောက်လန့်သွား၍ မျက်ရည်များကျလာတော့သည်။

  မိမိမှတ်မိသလောက်တွေးရရင် သူသည်မိမိ‌ေတွ့ဖူးသမျှထဲတွင် ပထမဆုံးကြောက်စရာသရဲဖြစ်သည်။ဘယ်နှပတ်လောက်ပြေးပြီးသည်မှန်း မိမိမသိပေမယ့် ခြေကုန်လက်ပန်းမကျခင်အထိ‌ဆက်သွားနေမိသည်ကိုတော့ မိမိသိလေသည်။မိမိမှာ မိမိကိုယ်မှထပ်ထိန်းမထားနိုင်တော့၍ လဲကျသွားသည်အထိပြေးခဲ့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now