Ch-32

617 70 0
                                    

ပရိုမိုးရှင်းကာလလေးကပြီးတော့မယ်နော်။ဂရုဝင်ချင်ကြတဲ့ကလေးတွေစာပို့ထားလိုက်ကြ။

Ch-32  စုဆွေမျိုးများ

  လက်ရှိမိမိစိတ်ထဲတွင် ကျီးကန်းတစ်ကောင်ကပျံသန်းရင်းအာနေသည့်ပုံရိပ်တစ်ခုရှိနေလေသည်။

  လူတိုင်းကစကားတစ်ခွန်းမှပြောမထွက်ကြပေ။လုံးဝတိတ်ဆိတ်နေသည်။

  တိတ်ဆိတ်မှုကိုချိုးဖျက်ရန် လူတစ်ယောက်အားလုံးဝလိုအပ်နေပါလျှင် မိမိမှာမိမိကိုယ်တိုင်ပဲအနစ်နာခံလိုက်ပါမည်။မိမိသည်စိတ်ထဲ၌ရဲရဲဝံ့ဝံ့ကြေငြာလိုက်သော်ငြား တစ်ခုခုကိုအမှန်တစ်ကယ်ပြောထုတ်မည်လုပ်လိုက်သောအခါတွင်တော့ ဘာပြောရမှန်းမသိတော့ပါ‌ချေ။အဆုံးတွင်တော့ ပြောထုတ်လိုက်ခြင်းဖြင့်သာအဆုံးသတ်လိုက်တော့သည်။

  "အမ်...ကောင်းသောနေ့လည်ခင်းလေးပါနော် ဘော့စ်"

  မိမိသည်စုယန်၏အေးစက်စက်အမူအယာအားစောင့်ကြည့်ရင်း စိုးရိမ်တကြီးနောက်ပြန်ဆုတ်လိုက်သည်။သူသည်မိမိအားကြီးမား‌ေသာအားတစ်ခုဖြင့်ဖိနှိပ်နေသလိုခံစားချက်မျိုးပေးနေသည်။မသိစိတ်အရ မိမိတို့ကြားလုံခြုံသည့်အကွာအဝေးအားထိန်းထားရန် မိမိသည်နည်းနည်း‌ေနာက်ဆုတ်လိုက်သည်။

  "သူမဒီကိုဘာလို့ရောက်နေရတာလဲဆိုတာကို ကျွန်တော်သိချင်တယ်"

  စုယန်သည်သူ၏မျက်လုံးများအားအဘွားမုန့်ထံလှည့်လိုက်သည်။အဘွားမုန့်မှာသူ့အကြည့်အားရှောင်နေ‌ေတာ့သည်။ထို့ကြောင့်စုယန်သည်မိမိထံချဉ်းကပ်ကာ

  "အဘွားကပြန်မဖြေမှတော့ မင်းပဲ‌ေဖြတော့။ဒီမနက်က မင်းတစ်ခုခုလုပ်စရာရှိလို့နေ့တစ်ဝက်ခွင့်ယူမယ်လို့ မင်းငါ့ကိုပြောခဲ့တယ်။ဒါဆို ငါ့ရဲ့လက်ထောက်က ငါ့အဘွားအိမ်မှာဘာလို့ရှိနေရတာလဲကိုပြောပြပါဦး"

  "ဘော့စ်...ရှင့်မှာတိုက်ခန်းတွေအများကြီးရှိနေတာပဲ။ရှင်ကပိုက်ဆံ‌ေတာ်တော်ရှာနိုင်တာကို ကျွန်မသိလိုက်ရပြီ"

  မိမိမှာမိမိအားအောက်ကိုဖိချနေသော ကြောက်စရာလေထုကို ခံစားနေရ၍ အမှိုက်လိုစကားအချို့ကိုသာပြောလိုက်သည်။ထို့နောက် ကြားထဲတွင်မိမိသည်အကူအညီတောင်းခံရန်အဘွားမုန့်နှင့် မျက်လုံးချင်းဆုံရန်ကြိုးစားလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now