Ch-125 သရဲတွေဆိုတာကရှိတယ်လို့မင်းထင်လား
"ကျွန်မကလျှောက်သွားနေရုံတင်ပါ..."
မိမိမှာအကြောင်းအရာအားဖြတ်ချရန်ဆုံးဖြတ်လိုက်ပြီး အပြင်ဘက်ဆီလှည့်ကြည့်လိုက်သည်။သို့သော်မိမိတို့ဘယ်နေရာတွင်ရှိနေသည်ကိုတော့ မမှတ်မိနိုင်တော့ပေ။
"ငါတို့ဘယ်ကိုသွားနေတာလဲ။နင်ထပ်ပြီးလမ်းပျောက်ပြန်ပြီလား"
"မင်းအိမ်မပြန်ချင်သေးဘူးလို့ငါထင်လိုက်လို့လေ အဲ့ဒါကြောင့်ငါပတ်မောင်းနေတာ။အခုအိမ်ပြန်ချင်သွားပြီလား"
မိမိမှာရှန်ရှောက်ချင်ကသတိပြုမိလောက်အောင်တစ်ကယ်ကြီးလုံလုံလောက်လောက်အာရုံစိုက်ခဲ့သည့်အတွက် အံ့အားသင့်သွားရသည်။သူ၏စဉ်းစားပေးတတ်မှုမှာ မိမိအားဟတ်ထိသွားစေသည်။
"အင်း အိမ်ပြန်ကြစို့"
မိမိမှာမည်သည့်ဘက်တွင်ရှိနေမည်ကို စုယန်အားပြောရပေမည်။ထိုသည်အားအချိန်ဆွဲနေစရာအကြောင်းမရှိပေ။မိမိမှကြာကြာစောင့်လေ ယိမ်းယိုင်သွားမည့်အခွင့်အရေးများကပိုမြင့်လေပင်။
"အာ..."
ရှန်ရှောက်ချင်ကရေရွတ်လာသည်။
"အရမ်းမှောင်နေတယ်။ငါတို့တွေဘယ်ရောက်နေတယ်ဆိုတာကို ငါရှုပ်ထွေးသွားပြီ..."
ထင်တဲ့အတိုင်းပဲ သူဆိုတာက၃စက္ကန့်ထက်ပိုပြီးလန်းေအာင်ထိန်းမထားနိုင်ဘူးပဲ။
ရှန်ရှောက်ချင်ဦးတည်သွားနေသည့်နေရာမှာ မှောင်မိုက်သထက် မှောင်လာသည်။လမ်းမီးတိုင်များမှာလည်းဝေးသထက်ဝေးလာသည်။မိမိမှာသက်ပြင်းချကာ သူ့အားရိုက်လိုက်သည်။
"ဟယ်လို နင်ကသစ်တောတွေထဲသွားချင်နေတာလား။မြန်မြန်ပြန်လှည့်တော့"
"ကောင်းပြီလေ"
မိမိမှာတစ်ကယ်ဂရုစိုက်မနေတော့ပဲ တရေးအိပ်ရန်ခုံအားနှိမ့်ကာမျက်လုံးများအားမှိတ်လိုက်သည်။
မိမိမျက်လုံးများပြန်ပွင့်ချိန်တွင် ကားမှာရပ်နေသည်ကိုမိမိသတိပြုမိလိုက်သည်။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...