Ch-21 စိတ္တဇလူသတ်သမားအားအင်တာဗျူးခြင်း
"ပြောလေ..."
မိမိသည်သူ့အားကြည့်ရန်ခေါင်းအားလှည့်လိုက်သည်။သေချာတွေးဆကြည့်လျှင် မိမိမှာအနည်းငယ်မျှော်လင့်နေမိသည်။မိမိမျက်လုံးများမှာ တစ်ဖန်ပြန်၍တောက်ပလာပြန်သည်။
"အင်းးး!"
စုယန်သည်ရုတ်တရက်ဆိုသလိုပင် မိမိလက်နှစ်ဖက်အား သူ့လက်များထဲသို့ဆွဲကိုင်လိုက်သည်။သူ့မျက်လုံးများမှာတောက်ပ၍ေလးလေးနက်နက်ဖြစ်နေသည်။
"ပြောလေ။မြန်မြန်"
မိမိအထင်မှန်မည်လားကို သိချင်နေမိသည်။ချက်ချင်းပင် မိမိမှာစိတ်အားထက်သန်၍ အလွန်တရာစိတ်လှုပ်ရှားမိလာသည်။မိမိသည်ဤကဲ့သို့အဖိုးထိုက်တန်လှသောအခိုက်အတန့်လေးအားလွဲချော်သွားမည်ကို ကြောက်ရွံ့မိ၍မျက်တောင်ပင်မခတ်ရဲခဲ့ပေ။
"ငါ့ကိုစိတ္တဇလူသတ်ကောင်နဲ့တွေ့ဖို့လုပ်ပေးမယ်လို့ပြောခဲ့တာကိုမင်းမှတ်မိသေးလား"
စုယန်သည်မိမိအမူအယာကိုဖတ်ရန်ကြိုးစားနေခဲ့သည်။
သူ၏ပါးစပ်အားဖွင့်လိုက်ချိန်တွင်တော့ မိမိမှာမိမိနှလုံးသားလေးနင့်ခနဲဖြစ်သွားသလိုခံစားလိုက်ရသည်။ငါေတာ့ဒီနေ့မှာစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအများကြီးကို ခံစားလိုက်ရတာပဲ။တစ်ကယ်အဆိုးမြင်သွားစေလောက်တယ် သိရဲ့လား။
"စိတ္တလူသတ်ကောင်ကသေနတ်ပစ်ခံရလို့သေပြီလေ။ကျွန်မသူ့ကိုအသက်ပြန်မသွင်းပေးနိုင်သလို သူ့ရဲ့မူမမှန်တဲ့စိတ်နေစိတ်ထားကိုဘယ်လိုမွေးမြူခဲ့ရတာလဲဆိုတာကိုလာဆွေးနွေးပေးပါလို့လည်း အမိန့်မပေးနိုင်ဘူးလေ သိပြီလား"
မိမိမှာစိတ္တဇလူသတ်ကောင်သည်သရဲတစ်ကောင်ဖြစ်လာလျှင်ပင် မြင်တွေ့နိုင်သော်ငြား မိမိမှာသူ့ကိုထပ်မတွေ့ချင်တော့ပေ။
စုယန်သည်သူ၏ခေါင်းအားယမ်းလိုက်ပြီး သူ၏မျက်လုံးများမှာ တောင့်တခြင်းများဖြင့်ပြည့်နှက်နေသည်။
"သူကမသေသေးဘူး။သူကဒဏ်ရာရသွားရုံတင်ပဲ။ရဲဌာနကိုစကားသွားပြောပေးဖို့ငါမင်းကိုလိုအပ်တယ်။ငါသူ့ကိုတစ်ကယ်ကိုတွေ့ချင်နေတာ။ဖြစ်နိုင်ရင်လေ အကောင်းဆုံးကတော့ စစ်မေးတဲ့အချိန်မှာငါပါချင်တယ်"
![](https://img.wattpad.com/cover/337436623-288-k849733.jpg)
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...