Ch-101 ကသိကအောက်လေထု
မိမိမှားသွားမှန်းသိနေပေမယ့် မိမိတို့ကြားပြောင်းသွားသည့်ဆိုးဝါးသောလေထုကိုတော့ မိမိမနှစ်သက်ပါပေ။
"ဒါပေမယ့် အဲ့ဒါကကောင်းကျားလန်ရဲ့ကိစ္စလေ။အဲ့အကြောင်းကိုရှင့်ဆီပြောပြသင့်တဲ့လူက ကျွန်မ မဟုတ်ဘူး....စိတ်မဆိုးပါတော့နဲ့နော်..."
မိမိသည်စုယန်၏အင်္ကျီလက်အား သာသာလေးဆွဲလိုက်ကာ သနားစရာကောင်းပုံပေါက်ရန်လုပ်လိုက်သည်။
"ငါသာဒီနေ့မင်းနောက်လိုက်မလာခဲ့ရင် ဘာတွေဖြစ်သွားမလဲ"
စုယန်၏လေသံမှာ အများကြီးတိုးတက်လာသည်။ယခုသူ့အသံမှာပြစ်တင်ဝေဖန်သည့်အစား ညင်သာလာသည်။
"ရှင်ကတစ်ချိန်လုံးကျွန်မနောက်လိုက်နေတာလား။ဒါဆိုဘာလို့ကျွန်မကို အထဲဝင်ဖို့ထွက်မကူပေးခဲ့တာလဲ။ကျွန်မမှာတော့ ဝင်ပေါက်မှာအရူးကြီးလိုစောင့်နေရတာ။အဲ့ဒါကြောင့်ပဲလုံခြုံရေးက ကျွန်မကိုဖမ်းမိသွားတာ"
စုယန်သည်မိမိခေါင်းအားဖွဖွလေးရိုက်လိုက်သည်။
"မင်းကငါ့ကိုကောင်းကျားလန်အကြောင်းပြောမရမှတော့ အနည်းဆုံးမင်းအကြောင်းကိုတော့ မေးလို့ရမှာပါနော် ဟုတ်တယ်မလား"
"ကျွန်မလား"
မိမိမှာရှုပ်ထွေးသွာသည်။
"ရုပ်မြင်သံကြားဝင်ပေါက်မှာလေထဲစကားပြောပြီး လက်တွေလျှောက်ယမ်းနေတဲ့ မင်းကိုငါတွေ့လိုက်တယ်"
သူဘာပြောချင်နေခဲ့သည်အား မိမိသိလိုက်ရလေပြီ။စုယန်မှသူ့စကားအားပြောမပြီးသေးခင်တွင် မိမိမှာရင်ဘတ်အားအလျင်စလိုဆုပ်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် မိမိသည်ဒရာမာဆန်ဆန်ထိုင်ချလိုက်သည်။
"အိုင်းယား အိုင်းယား အိုင်းယား။နာလိုက်တာ..."
"ဘာလဲ"
စုယန်သည်မိမိအားကူတွဲလိုက်သည်။
"မင်းရဲ့ဒဏ်ရာဟောင်းလား"
"ကျွန်မအမြန်ပြေးလိုက်လို့ သေနတ်ဒဏ်ရာကိုသက်ရောက်သွားတယ်ထင်တယ်။အိုး နိုးးး။ကျွန်မအရမ်းနာနေပြီ။သည်းမခံနိုင်တော့ဘူး"
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...