Ch-151

191 17 1
                                    

Ch-151 ကိုယ့်ဘဝမှာမင်းကို ကိုယ်လိုအပ်တယ်

  မိမိမှာလက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။

  "ရှင်နားမလည်ဘူးလား။ကျွန်မကိုရှင်းသွားအောင်လုပ်ခွင့်‌ေပးလိုက်။ရှင်ကစုယန်ဆီရှုချူးချောင်ကရှင့်ကိုစုံစမ်းဖို့ တစ်ယောက်ယောက်ပို့ထားတယ်လို့ပြောလိုက်မယ်။ပြီးတော့သူ့ကိုရှင်ကကျွန်မကိုစောင့်ကြည့်စေချင်တယ်။ဒါပေမယ့်အဲ့လူကသူအရင်ကတွဲခဲ့ဖူးတဲ့လူဆိုတာကိုတော့ ရှင်မသိခဲ့ဘူး။စုယန်ကသူကျွန်မကိုသိတယ်လို့ ရှင့်ဆီပြောလိမ့်မယ်။ရှင်ကရှင့်ရဲ့အတိတ်အကြောင်းတွေကို "မတော်တဆ" ဆိုပြီးကျွန်မဆီပြောပြီးတောင်းဆို‌နေသ၍ ကျွန်မကနူးညံ့သွားပြီး လျှို့ဝှက်ချက်ကိုထာဝရထိန်းထားဖို့ဆုံးဖြတ်လိမ့်မယ်ပေါ့။ရှင်ကရှင်လိုချင်တာကိုရပြီး ရှင်နဲ့ရှုချူးချောင်ကြားနားလည်မှုလွဲတာကိုလည်း ကျွန်မကိုသုံးပြီးဖယ်ရှားလိုက်နိုင်မှာလေ။နဝေရဲ့စာကရှင်နဲ့ရှင့်သားရဲ့ဆက်ဆံရေးကိုကူပြီးပြုပြင်ပေးမယ့် အဓိကသော့ချက်ပဲလေ ကျွန်မမှန်တယ်မလား"

  သုံးနှစ်ကြာခဲ့ပြီဖြစ်သည်။စုယန်သည်သာတွက်ချက်တတ်သူတစ်ယောက်မဟုတ်တော့ပေ။သူသည်မိမိအားသူအသုံးချချင်သလို ခြယ်လှယ်၍မရတော့ပေ။

  ယောင်ယုဖန်သည်သက်ပြင်းချကာ သူမရင်ဘတ်အားထိလိုက်သည်။သူမသည်နောင်တကြီးစွာဖြင့်ပြောလာသည်။

  "စုယန်ညွှန်းဆိုခဲ့တဲ့မင်းနဲ့ တစ်ကယ့်အစစ်အမှန်မင်းကအတော်ကွာခြားတာပဲ"

  "သူစဉ်းစားမိတဲ့ကျွန်မကမရှိတော့ဘူး။ကျွန်မလွန်ခဲ့တဲ့၃နှစ်ကလူမဟုတ်တော့ဘူး"

  "အဲ့တော့မင်းရဲ့နောက်ခြေလှမ်းကဘာလဲ"

  "သေတမ်းစာကအစစ်ဆိုတာကို ကျွန်မရဲ့အမှုသည်ဆီကျွန်မပြောလိုက်မယ်။ကျွန်မသူ့ကိုစကားတစ်ခွန်းမကျန်အကုန်ပြောပြမှာ။ဒါကကျွန်မအလုပ်လေ။ကျွန်မကကျွန်မအလုပ်ကိုသစ္စာရှိပါတယ်"

  "တို့ကိုမင်းဆန့်ကျင်လိုက်ရင်ဘာဖြစ်မလဲဆိုတာကိုသိလား။အဲ့ဒါကမင်းကိုင်တွယ်နိုင်တဲ့အရာမဟုတ်ဘူး"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now