Ch-149 နဝေ၏ဆုံးဖြတ်ချက်
သား?ဘာလဲဟ။သူမကရှုချူးချောင်ကိုပြောနေတာလား။ဒါပေမယ့်အဲ့ဒါကသူမရဲ့လင်ပါသားလေ။ငါထင်တာတော့ ယောင်ယုဖန်မှာသူမရဲ့သားသမီးအရင်းမရှိဘူးလားလို့။ရှုစန်းနဲ့ယောင်ယုဖန်မှာ နောက်ကလေးသာမရှိရင် ရှုချူးချောင်ကရှုစန်းရဲ့တစ်ဦးတည်းသောသားဖြစ်သင့်တယ်မလား။အဲ့ဒါကြောင့်ပဲ ရှုစန်းကယောင်ယုဖန်ကိုသူ့ရဲ့အမွေတွေအကုန်ပေးခဲ့တာလား။
ရုတ်ချည်း မိမိမှာနောက်မှတ်ဉာဏ်အားတွေ့လိုက်ရသည်။ဒါကဘယ်တုန်းကလဲ။
မိမိရှေ့တွင်ရှိနေသည်မှာ ရှုစန်း၏အိမ်ဖြစ်သည်။ယောင်ယုဖန်မှာနေ့စဉ်ရက်ဆက်သူမအလုပ်ဆင်းချိန်တိုင်းထိုအိမ်ကိုအချိန်အတော်ကြာအောင်ငေးကြည့်နေပေလိမ့်မည်။
နောက်ဆုံးတော့ အိမ်မှာမိမိမြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ယောင်ယုဖန်မှာအတော်ငယ်ရွယ်လှသည်။ဒါပေမယ့် သူမကအဲ့အိမ်ကို ဘာလို့နေ့တိုင်းငေးကြည့်နေရတာလဲ။ဖြစ်နိုင်တာက သူမကဒီမိသားစုထဲလက်ထပ်ဝင်ဖို့အချိန်အကြာကြီးကတည်းကစီစဉ်ထားခဲ့လို့များလား။
အဲ့အချိန်မှာသူတို့ကခိုးတွဲနေကြပြီလား။မဟုတ်ရင် သူတို့ကသူစိမ်းတွေပဲဖြစ်ကြတုန်းလား။
သူမ၏အသက်ပေါ်အခြေခံရလျှင် သူတို့မှာအချင်းချင်းတွေ့ပြီးကြပြီဖြစ်သင့်ပေသည်။ဒါပေမယ့် ဘာပဲဖြစ်ဖြစ်သူတို့ဆက်ဆံရေးရဲ့ဘယ်လိုအမှတ်အသားတွေမှရှိမနေဘူးပဲ။သူမလုပ်ခဲ့သည့်တစ်ခုတည်းသောအရာမှာ အလုပ်မှအိမ်ပြန်လမ်းတွင်အိမ်ကြီးကိုသာငေးကြည့်နေခြင်းဖြစ်သည်။တိကျသောရက်တစ်ရက်မှာ ပိတ်ရက်တစ်ရက်ဖြစ်သည်။ယောင်ယုဖန်သည်သူမ၏အလုပ်နားရက်တွင် ဤနေရာ၌တမင်လျှောက်သွားခဲ့သည်။သူမသည်သူမ၏ဦးတည်ရာကဘယ်ေနရာဆိုသည်ကို ရှင်းရှင်းလင်းလင်းသိလေသည်။
ရုတ်ချည်း အဝေးတစ်နေရာမှနေ ကလေးတစ်ဦး၏ငိုသံကိုသူမကြားလိုက်ရသည်။ယောင်ယုဖန်သည်ငိုသံနောက်လိုက်လာရာ မြေကြီးပေါ်ရှိကောင်လေးတစ်ယောက်ကို သတိပြုမိလိုက်သည်။သူသည်သူ၏ဒူးခေါင်းအားကိုင်ထားကာ ကျယ်ကျယ်လောင်လောင်ငိုကြွေးနေခဲ့သည်။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...