Ch-97

310 22 2
                                    

Ch-97  ကောင်းကျားလန်နှင့်တိုက်ရိုက်စကားပြောခြင်း

  စုယန်၏အသံသည်နားထဲဝယ် ပြာနေပြီးနူးညံ့သိမ်မွေ့နေသည်။သူ၏အသံသည်အဝေးမှ ကလေးချော့တေးအလားပင်။သူသည်မိမိဘဝထဲချက်ချင်းအရောင်ပေါင်းထည့်ကာ မိမိအားပျံသန်းစေခဲ့သည်။မိမိမှာအလွန်ပျော်ရွှင်နေသည်။

  ဒါပေမယ့်ထာဝရကတိတစ်ခုလုပ်ဖို့ကတော့ မစောလွန်းဘူးလား။ထိုသည်မှာအလွန်အလျင်စလိုဖြစ်နေပေမယ့် မိမိသည်စုယန်နှင့်ကိုယ့်ကိုကိုယ်အား ယုံကြည်ရန်ရွေးလိုက်‌ေသးသည်။မိမိသည် မိမိတို့မှာတစ်ဦးဘေးမှာတစ်ဦးထာဝရရှိနေလိမ့်မည်ဟု ယုံကြည်လေသည်။

  မိမိ၏လက်ကျန်ဘဝတစ်လျှောက်တွင် စုယန်နှင့်မိမိလက်တွဲထားနိုင်ဖို့အား အမှန်ကိုမျှော်လင့်မိသည်။

  မိမိသည်သူ့အား မိမိကိုဦးမဆောင်စေချင်သလို နောက်တွင်ချန်မထားစေချင်ခဲ့ပေ။ထိုအစား မိမိဘေးတွင်လျှောက်စေ‌မည်။

  ဘုရားသခင်သာရှိနေရင် ကျွန်တော်မျိုးမရဲ့ဆန္ဒကို အရှင်ကြားသိနိုင်မလား။

- - - - - -

  နောက်မနက်မိမိနိုးလာသောအခါ မိမိသည်မှန်ထဲရှိကိုယ့်ပုံအားကြည့်လိုက်သည်။မိမိမျက်နှာမှာပေါင်မုန့်တစ်လုံးလိုရောင်ရမ်းနေသည်။ထပ်ပေါင်းရလျှင် ပြီးခဲ့သည့်ညမှမျက်ရည်စီးကြောင်းများမှာ ရှိနေဆဲဖြစ်ပြီး မိမိမှာမျက်လုံးများအား မှေးတေးတေးသာဖွင့်နိုင်ခဲ့သည်။

  တစ်ကယ်တော့ မိမိမှာကိုယ့်ဘာသာတွေးလိုက်သည်။လူသားတွေကအရမ်းရုပ်ဆိုးတဲ့ပုံဖြစ်နိုင်တယ်ဆိုတာ ဘယ်သူထင်ထားမှာလဲ။ကံကောင်းထောက်မစွာ စုယန်သည်အိပ်နေဆဲဖြစ်၍ သူသည်သတိမပြုမိခဲ့ပေ။

  မိမိသည်မျက်လုံးများအား ကျယ်ကျယ်ဖွင့်ရန်ကြိုးစားလိုက်သော်ငြား သူတို့ကသစ္စာဖောက်လာသည်(မျက်လုံးပွင့်မလာတာကိုပြောတာ)။မိမိသည်ပင်ပန်းနွမ်းနည်းသလိုခံစားလိုက်ရပြီး သွားတိုက်ဆေးအချို့ကို သွားတိုက်တံပေါ်ညှစ်ချလိုက်သည်။

  မိမိသည်မှိန်းနေရင်း သွားတိုက်လိုက်သည်။မိမိမျက်လုံးများအား ထပ်ဖွင့်လိုက်ချိန်တွင် မှန်မှတစ်ဆင့် ဖြူဖျော့ကာဖောက်ထွင်းမြင်ရသည့်ဝမ်ယုဖန်အား မြင်လိုက်ရသည်။သူသည်မိမိဘေးတွင်ရပ်နေခဲ့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now