Ch-96

266 23 0
                                    

Ch-96  သုံးလ

  တစ်ကယ်ကြီးလား။တိုက်ဆိုင်လိုက်တာ။သက်ဆိုးရှည်ဦးမယ်။

  အချိန်အတော်ကြာသည်အထိ မိမိမှာသူ့ထံမှအာရုံမလွှဲနိုင်သေးပေ။မိမိနှလုံးမှာလည်း ပေါက်ထွက်တော့မည့်အတိုင်း ကျယ်လောင်စွာခုန်နေသည်။သူသည်မိမိအားကြည့်ပင်ကြည့်မသွားပေမယ့် မိမိမှာအပြစ်ရှိသလိုခံစားလိုက်ရသည်။

  ထိုသည်မှာကောင်းကျားလန်ကြောင့်ဖြစ်ရပေမည်။မိမိသည်သူမအား မိမိတို့နှင့်ဤကဲ့သို့မပွင့်လင်းသောပုံဖြင့် ထပ်နေခွင့်မပေးနိုင်တော့ပေ။ဘယ်လိုပင်ဖြစ်ဖြစ် မိမိသည်သူမအားဒီညတွင်ကန်ထုတ်ရပေမည်။မိမိမှာသူဌေးများ၏နောက်ဒရာမာအပိုင်းအားမကိုင်တွယ်နိုင်တော့ပေ။

  မိမိမှဤထိတ်လန့်မှုမှနေ ပြန်မကောင်းနိုင်သေးခင်တွင် စုယန်၏အင်တာဗျူးမှာပြီးသွားလေပြီ။သူသည်ရုပ်မြင်သံကြားရိုက်ကူးရေးစတူဒီယိုထဲမှ ထွက်လာကာမိမိနှင့်အကြည့်ချင်းဆုံလိုက်သည်။

  "မင်းအဆင်ပြေရဲ့လား"

  စုယန်သည်ပြုံး‌ေနရင်းလျှောက်လာကာ သူ့လက်မောင်းမှာမိမိလည်ပင်းအားသိုင်းဖက်ပြီး မိမိခေါင်းကိုသူ့ရင်ဘတ်ဆီဖိကပ်ထားလိုက်သည်။ထို့နောက်သူသည်မိမိအား အားကြိုးမာန်တက်ဆွဲခေါ်သွားတော့သည်။

  "ဟေး။စုယန်။ကျွန်မကိုလွှတ်နော်။ဒီမှာလူတွေအများကြီးရှိနေတယ်လို့"

  မိမိသည်သူ၏ဆွဲကိုင်မှုမှလွတ်မြောက်ရန်ကြိုးစားလိုက်ပေမယ့် အသုံးမဝင်ပါပေ။

  "မရဘူး.....ငါ ငြင်းတယ်...."

  စုယန်သည်မိမိတို့ကားဆီမရောက်ခင်အထိ သူ၏အရှက်မဲ့သောအပြုအမူများအား ထိန်းထားခဲ့သည်။

  မိမိသည်လက်မအားသုံးကာ ထိုင်ခုံခါးပတ်အားပတ်လိုက်သည်။မိမိသည်မိမိ၏စိုးရိမ်စရာများအကြောင်းကို စုယန်ဆီပြောပြသင့်လားဟု စဉ်းစားနေလိုက်သည်။

  စုယန်သည်မိမိမျက်နှာပေါ်ရှိ စိတ်ဖိစီးမှုအားမြင်နိုင်ခဲ့သည်။သူ၏ထိုင်ခုံခါးပတ်အားပတ်ပြီးသည်နှင့် သူသည်မိမိဘက်လှည့်လာသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now