Ch-136 ဒုတိယအကြိမ်ကလည်းလှနေတုန်းပဲ
စုယန်သည်သူ့ပါးစပ်အားဖွင့်ကာ သွားပေါ်သည်ထိပြုံးလိုက်သည်။
"ငါမှတ်မိပါတယ်...အဲ့အကြိမ်တုန်းကမင်းမေ့လဲသွားတာလေ။ပြန်တွေးကြည့်တော့မှ ဖြစ်နိုင်တာက မင်းကငါ့အပေါ်တစ်လျှောက်လုံးကြိတ်ကြိုက်လာတော့ ငါတို့ဒိတ်ကမင်းကိုတအားလွှမ်းမိုးသွားတာကြောင့် မေ့လဲသွားတာပဲ"
"ဖီ....အိပ်မက်မက်လေ"
မိမိသည်စုယန်အားမျက်လုံးလှိမ့်ပြလိုက်သည်။ထို့နောက်မိမိသည်သူ့ကော်လံအားဆွဲလိုက်သည်။
"ရှင်ကျတော့ရော။ဘယ်ကနေဘယ်လိုအချစ်ဝတ္တုရေးဖို့ဘာလို့ဆုံးဖြတ်လိုက်တာလဲ။ပြီးတော့ နောက်ပိုင်းကျ လွယ်လွယ်လေးလက်လျှော့လိုက်ပြန်ရော....ရှင်ကသာမမှန်မကန်အကြံတွေနဲ့လူပါနော် ဟုတ်တယ်မလား။အမှန်အတိုင်းပြောနော်။အဲ့ဒါကရှင်ကျွန်မနဲ့ဒိတ်ချင်နေတာကြောင့်သာ ကျွန်မနဲ့ဒိတ်လုပ်ရဖို့ ဆင်ခြေတစ်ခုအနေနဲ့ ဝတ္တုကိုသုံးခဲ့တာမလား"
"အင်း"
စုယန်မှာလက်လွတ်စပယ်ပြန်ဖြေလိုက်သည်။
မိမိမှာအနည်းငယ်ကသိကအောက်ဖြစ်သွားပေမယ့် မရယ်မိဘဲမနေခဲ့ပေ။နောက်ဆုံးတော့ မိမိမှာမျက်နှာအားလက်ဖြင့်အုပ်ကာ ရှက်ဟန်ဆောင်လိုက်သည်။မိမိသည်စုယန်၏ပုခုံးအားထိုးလိုက်သည်။
"အိုး ရှင်ကတော့....အဲ့ဒါကိုရှင်ကဘယ်လိုလုပ်ပြီးမြန်မြန်ကြီးဝန်ခံလိုက်တာလဲ။ကျွန်မရှက်သွားပြီလေ ရှင်သိလား"
မိမိသည်စုယန်မှာမိမိစကားများအားကြားပြီးနောက် ကြက်သီးများထသွားသည်အား သေချာသိလေသည်။သူသည်မျက်နှာကြက်အားငေးကာရေရွတ်လာသည်။
"မင်းဝိညာဉ်လဲပြီးတော့ မင်းအိုင်ကျူများပျောက်သွားသလား။ရုတ်တရက်ကြီးဘယ်လိုလုပ် ရူးကြောင်ကြောင်ခပ်နုံနုံဖြစ်သွားရတာလဲ။ရွှေငါးလေး မင်းတော့ မင်းဘာသာကောင်းကောင်းပြုမူရမယ်နော်။ဘဝမှာခြေလှမ်းမှားတွေမလှမ်းမိစေနဲ့..."
"ရှင်ဘာပြောလိုက်တာလဲ"
မိမိသည်ကြက်ပေါင်အားလွှင့်ပစ်ကာ စုယန်၏မျက်နှာအားဒေါသတကြီးလိမ်ဆွဲလိုက်သည်။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...