Ch-112

203 18 0
                                    

Ch-112  ငါလူဆိုးတစ်ယောက်ဖြစ်ပေးနိုင်တယ်

  သေစမ်း။ဝမ်ရိဟန်၏စကားများသည်မိမိအား တစ်ခုခုကိုအမှတ်ရသွားစေခဲ့သည်။

  မိမိဖုန်းမှာထမြည်လာသည်။ထိုသည်ကအချိန်ကိုက်ဟုတ်မနေပေ။

  ဖုန်းသံမှာဝမ်ရိဟန်အား ပုံမှန်ပြန်ဖြစ်သွားစေခဲ့ပြီး သူသည်မိမိနားမှတဖြည်းဖြည်းနောက်ပြန်ဆုတ်သွားခဲ့သည်။မိမိမှာဖုန်းအားကိုင်သင့် မကိုင်သင့်တုံ့ဆိုင်းနေတုန်းမှာပင် ဝမ်ရိဟန်ကပြောလာသည်။

  "ကိုင်လိုက်"

  ခေါ်ဆိုမှုမှပြလာခဲ့သည်မှာ-ငါ့ရဲ့ရေလည်လန်းတဲ့ကောင်လေး

  ဝေါင်း။စုယန်ကငါ့ဖုန်းပေါ်ကသူ့နာမည်ကိုထပ်ပြောင်းသွားပြန်ပြီ။

  "ငါကောင်းကျားလန်ကိုရှာတွေ့ပြီ။မင်းအဆင်ပြေရဲ့လား"

  စုယန်၏အသံသည်စိုးရိမ်မှုဖြင့်ပြည့်နေခဲ့သည်။

  "ကျွန်မအဆင်ပြေတယ်။အိမ်အရင်ပြန်လိုက်"

  မိမိသည်ဆိုဖာပေါ်မတ်မတ်ထိုင်ရင်း မျက်နှာအားနည်းနည်းဘေးစောင်းကာ အသံတိုးလိုက်သည်။

  "ဘာဖြစ်လို့လဲ။မင်းစကားပြောလို့အဆင်မပြေတဲ့အနေအထားရောက်နေလို့လား"

  စုယန်သည်ဂရုတစိုက်မေးလိုက်သည်။

  "ဝမ်ရိဟန်ကကျွန်မဘေးရှိနေတာ ဒါပေမယ့် အဲ့ဒါကရှင့်ကိုကျွန်မ စကားမပြောနိုင်တာတော့မဟုတ်ပါဘူး။ကျွန်မကသူ့ကိုမေးချင်တဲ့မေးခွန်းနည်းနည်းရှိနေလို့ပါ။အဲ့တော့ ကျွန်မပြောတာကိုနားထောင်ပြီးအိမ်အရင်ပြန်နှင့်လိုက်နော်"

  "မင်းကသူ့ဘေးမှာလား။အဲ့ဒါကအရမ်းအန္တရာယ်များလွန်းတယ်။မဟုတ်ဘူး မင်းဘယ်မှာလဲ။ငါအခုမင်းကိုလာရှာမယ်"

  စုယန်ကအော်လိုက်သည်။

  "ကျွန်မတစ်ကယ်အဆင်ပြေပါတယ်။ကျွန်မတို့မစ်ရှင်ရဲ့ရည်ရွယ်ချက်ကိုမမေ့နဲ့နော်။အိမ်ပြန်နှင့်လိုက် ကျွန်မခဏနေရင်ပြန်လာခဲ့မယ်"

  စုယန်မှမတုံ့ပြန်လာသေးခင်တွင် မိမိမှာဖုန်းချလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now