Ch-148 မှတ်ဉာဏ်များအားတူးဖော်ခြင်း
မိမိမှာသူ့အားကန်ထုတ်ရန်လုပ်လိုက်ပေမယ့် ရှုချူးချောင်သည် မိမိခြေထောက်များအားခွဲကာ လှုပ်မရအောင်တားထားသည်။ထိုသည်မှာအခြားလူသာမြင်လိုက်ပါက အလွယ်လေးအထင်လွဲသွားစေနိုင်သည့်အနေအထားဖြစ်သည်။
မိမိသည်စိတ်အေးအေးထားကာ ပင့်သက်ရှိုက်လိုက်သည်။
"ကျွန်မကိုလွှတ်ပေးမှ ရှင့်ကိုရှင်းပြချက်ပေးလို့ရမှာလေ။ကျွန်မဘယ်ကိုမှမပြေးပါဘူး"
ရှုချူးချောင်သည်မိမိ၏အကြံပြုချက်အားစီစစ်ကာ အစည်းအဝေးခန်းမီးများအားဖွင့်လိုက်သည်။မီးဖွင့်လိုက်ချိန်တွင်မိမိမျက်လုံးများမှာအသားကျရန်ခက်သွားေသာကြောင့် မှိတ်ထားလိုက်သည်။မိမိသည်တစ်ယောက်ယောက်ဝင်လာသည်ကိုဝိုးတဝါးမြင်နေရသည်။မိမိမှာထိုသည်အားမသိရသေးခင် ရှုချူးချောင်မှာ မိမိထံမှဆွဲချသွားခံလိုက်ရပြီး လက်သီးတစ်ချက်နှင့်မိတ်ဆက်လိုက်ရတော့သည်။
မိမိသည်မျက်လုံးများအားဖွင့်လိုက်ရာ ထိုသည်ကစုယန်ဖြစ်ကြောင်းသိလိုက်ရသည်။
စုယန်မှရှုချူးချောင်အား ထပ်ရိုက်ရန်လုပ်လိုက်ချိန်တွင် မိမိမှာသူ့လက်သီးအားအမြန်ပြေးထိန်းလိုက်ရသည်။
"ရှင်သူ့ကိုထိုးလို့မရဘူး။သူကကျွန်မရဲ့အမှုသည်။ပြီးတော့သူကစီအီးအိုရှု"
စုယန်သည်အလွန်လှုံ့ဆော်ခံလိုက်ရပုံရသည်။မိမိမှသူတို့နှစ်ယောက်အားခွဲကာ သူတို့ကြားတွင်လုံခြုံသည့်အကွာအဝေးတစ်ခုလုပ်နေစဉ် သူ့အားစိတ်ငြိမ်ငြိမ်ထားခွင့်ပေးလိုက်သည်။
"မင်းအဆင်ပြေရဲ့လား"
စုယန်သည်မိမိမျက်နှာအားကိုင်ကာ ဒဏ်ရာများအားစစ်ဆေးလိုက်သည်။
"မင်းဘယ်နေရာမှာခိုက်မိသွားလဲ"
"ကျွန်မအဆင်ပြေပါတယ်"
မိမိသည်ခေါင်းယမ်းလိုက်သည်။ယခုတော့ အထင်လွဲမှုမှာပိုပြီးတောင်ကြီးမားလာလေသည်။
သေစမ်း။စုယန်နဲ့ငါကအတူပြန်ရှိသွားလို့ အမှုသည်ကငါ့ကိုသံသယဝင်နေတယ်ဆိုတာကို ရှလင်းသာသိသွားရင် သူမတော့သေအောင်ရယ်တော့မှာပဲ။လုပ်ငန်း၏ပိုင်ရှင်တစ်ဦးအနေဖြင့် မိမိမှာထားစရာမျက်နှာမရှိတော့ပေ။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...