Ch-102

243 17 0
                                    

Ch-102  သရဲခြောက်သောဆေးရုံ

  စုယန်သည်မိမိတို့၏ဦးတည်ရာအား မပြောပြခဲ့ပေမယ့် သူသည်မြို့ပြခရိုင်အပြင်ဘက်ဆီမောင်းသွားခဲ့သည်။မိမိမှာ မိမိတို့ပတ်လည်တွင်အဆောက်အဦးများ နည်းသထက်နည်းလာသည်ကိုသတိပြုမိလိုက်ကာ မလွယ်ကူသလိုခံစားလိုက်ရသည်။ငါတို့ကကမ္ဘာကြီးရဲ့အဆုံးကိုသွားနေကြတာလား။ငါကဘာလို့ကြောက်စရာကောင်းတဲ့အာရုံတစ်ခုရနေရတာပါလိမ့်။

  "ကျွန်မတို့အဝေးကြီးသွားနေတာလား"

  တစ်ကယ်တော့ မိမိမှာ စုယန်မှမိမိအားမြေမြှပ်ပစ်လိုက်မည် ဒါမှမဟုတ် တစ်ခုခုလုပ်လိုက်မည်ကို စိုးရိမ်နေသောကြောင့် ခံစားချက်များဂနာမငြိမ်ဖြစ်နေသည်။ထပ်ပြောရလျှင် ဤနေရာများ၌ သဘာဝကျကျပင် သင်္ချိုင်းနှင့်သရဲများသာပိုရှိနေလေသည်။

  "အင်း။ဒီနေ့ငါတို့စွန့်စားခန်းတစ်ခုလုပ်ဖို့သွားနေကြတာ"

  စုယန်သည်တည်ငြိမ်စွာပြောလာသည်။သူ့မျက်နှာ၌ဘာတစ်ခုမှဖော်ပြမထားခဲ့ပေ။

  မိမိနှလုံးသားမှာခုန်ပေါက်နေတော့သည်။မိမိသည်တံထွေးမျိုချလိုက်ပြီး လည်ပင်းအားဆန့်လိုက်သည်။မိမိမှာကြောင့်ကြစွာမေးလိုက်သည်။

  "စွန့်စားခန်း?ဘာစွန့်စားခန်းလဲ"

  စုယန်မျက်နှာထက်တွင် အမျိုးအမည်ဖော်မရသော အပြုံးတစ်ပွင့်ရှိနေကာ သူသည်အလျင်မလိုပဲပြောလိုက်သည်။

  "လွန်ခဲ့တဲ့၁၂နှစ်ကအမှုကိုမင်းကြားဖူးလား။စိတ်ကစဉ့်ကလျားဖြစ်နေတဲ့အမျိုးသားတစ်ယောက်က ညလယ်ခေါင်ကြီးမှာ ကိုယ်ပိုင်ဆေးရုံတစ်ခုထဲချိုးဖောက်ဝင်လာပြီး မီးတင်ရှို့ခဲ့တယ်လေ။ရလဒ်အနေနဲ့ကတော့ ၁၃ယောက်သေပြီး၂၁ယောက်ဒဏ်ရာရခဲ့တယ်။မတော်တဆမှုကြောင့် ဆေးရုံလည်းပိတ်ချလိုက်ရတယ်။အခုကျ အဲ့ဒါကဆင်ခြေဖုံးမှာစွန့်ပစ်အဆောက်အဦးသက်သက်ပဲဖြစ်နေတာပေါ့"

  "မီး-မီးရှို့မှုကနေ?"

  မိမိလက်သီးများမှာ တင်းတင်းကြပ်ကြပ်ဆုပ်ထားမိလိုက်သည်။မိမိ၏အတွေ့အကြုံများပေါ်အခြေခံရလျှင် မီးလောင်ပြီးသေဆုံးခဲ့သောသရဲများမှာ သေချာပေါက်ကိုကြောက်စရာအကောင်းဆုံးပုံပန်းသွင်ပြင်များရှိကြသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now