Ch-135

263 23 1
                                    

Ch-135  လင်းယိရှင်းပြန်လာပြီ

  "ကျွန်မထွက်သွားဖို့ဆုံးဖြတ်ပြီးပါပြီလို့ ရှင့်ကိုပြောပြီးသားလေ"

  မိမိသည်အခန်းအားတစ်ချက်လှည့်ပတ်ကြည့်ရင်း ခါးသက်သက်ပြုံးလိုက်သည်။ဤသည်မှာကောင်းသောပြောခြင်းဟု မိမိမခံစားခဲ့ရပေ။

  "ငါကအဲ့ဒါကိုရှောင်စုအတွက်လုပ်နေတာလေ။နင်နားလည်တယ်မဟုတ်လား။အနာဂတ်ကျ ဝိညာဉ်ရေးရာနည်းပညာအချို့ကို နင်သေချာပေါက်သင်ရမယ်နော်။နင်အသက်ပိုကြီးလာလေ မကောင်းတဲ့ဝိညာဉ်တွေက နင့်ကိုသုံးဖို့ဟာကွက်တွေရှာတာပိုလွယ်လာလေပဲ။နင့်ဘာသာနင်ကာကွယ်ဖို့သင်ရမယ်နော်"

  "ကျွန်မရှင်နဲ့မတွေ့ခင်ကလည်း အဆင်‌ေပြပြေလုပ်နေတာပဲလေ။ကျွန်မတစ်ယောက်တည်းနေနိုင်ပါတယ်...."

  "နင်သာသရဲတွေကိုမဆွဲဆောင်နိုင်ခဲ့ရင် နင့်ကိုငါ့မြေးရဲ့ဇနီးအဖြစ်ထောက်ခံမှာပါ"

  "စုယန်နဲ့ကျွန်မကစုံတွဲတွေဖြစ်နေကြပြီဆိုတာကို ရှင့်ဆီသိခွင့်မပေးခဲ့တဲ့အတွက်တောင်းပန်ချင်တယ်။ရှင်ကကျွန်မတို့ကိုဆန့်ကျင်မယ်ဆိုတာ ကျွန်မသိနေလို့ပဲ တမင်ဘာမှမပြောခဲ့တာ။ရှင်ကကျွန်မကိုကန်ထုတ်လိုက်မှာကိုကြောက်နေလို့ပါ..."

  မိမိသည်အဘွားမုန့်၏လက်ပေါ်ထပ်ကိုင်လိုက်သည်။မိမိအသံမှာ စိုးထိတ်မှုရောနာကျင်မှုပါ ပါနေခဲ့သည်။

  "နင်လင်းယိရှင်းပြန်ဖြစ်သွားမှ အဲ့ဒီထိမိနေတဲ့စကားတွေကိုသိမ်းထားလို့ရမှာ"

  အဘွားမုန့်ကမိမိအား‌ေလာလာသည်။

  "ငါတို့မှာအချိန်အများကြီးမရှိဘူး"

  "ကောင်းပါပြီ"

  မိမိမှာခံစားလွယ်မနေတော့ဘဲ အိပ်ရာပေါ်လှဲချလိုက်သည်။မိမိမျက်လုံးများမှာ မျက်နှာကြက်ပေါ်ရှိဒီဇိုင်းအားငေးကြည့်လိုက်သည်။ရုတ်ချည်း မိမိမျက်ခွံများမှာ လေးလံသထက်လေးလံလာသည်။မကြာခင်မှာပင် မိမိမျက်လုံးများမှာပိတ်သွားသည်။

  ဤအကြိမ်တွင်တော့ ဘာတွေဖြစ်နေသည်ကိုမိမိသိလေသည်။မိမိမျက်လုံးများမှာပိတ်နေပေမယ့် မိမိကိုယ်ကပေါ့သထက်ပေါ့ပါးလာသည်ကို ရှင်းရှင်းကြီးခံစားနေရသည်။ထိုသည်မှာ ဝါဂွမ်းတစ်စအလားအပေါ်သို့ဖြည်းဖြည်းချင်းလွင့်မြောသွားသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now