Ch-75

381 27 0
                                    

Paid မှာအစအဆုံးပြီးသွားပါပြီ။

Ch-75  စုယန်အားစနောက်ခြင်း

  ထိုအခိုက်တွင် မိမိသည်စုယန်မှာ မည်မျှတည်ငြိမ်နေသည်ကို ရုတ်ချည်းနားလည်မိလိုက်သည်။သူခွဲခြမ်းစိတ်ဖြာသည့်နည်းသည်မိမိနှင့် ကွဲပြားလေသည်။မိမိတွင်ကောက်ချက်ချသည့်အခါ၌ ကိုယ်ပိုင်ဘက်လိုက်မှုနှင့်စိတ်ခံစားချက်များအားပေါင်းစပ်တတ်သည့် သဘောထားရှိလေသည်။ယှဥ်ကြည့်လျှင် စုယန်မှာ ရှုမြင်သူအမြင်(တတိယလူအမြင်)ကိုသာသုံးခဲ့သည်။သူသည်သူတို့ကိုသေချာမစစ်ဆေးခင် သဲလွန်စများအားလုံးအားစီစဉ်ထားပေလိမ့်မည်။

  "စုယန် ရှင်အရင်ကရဲဌာနမှာအလုပ်လုပ်သေးလား"

  မိမိသည် သိချင်စိတ်ဖြင့်ထုတ်မေးလိုက်သည်။

  "မလုပ်ပါဘူး။ဘာလို့လဲ"

  သူသည်မိမိ၏ကြည်ညိုလေးစားနေသည့်အကြည့်ကြောင့် အံ့အားသင့်သွားပုံရပြီး ချောင်းနှစ်ချက်ဖွဖွလေးဟန့်လိုက်သည်။

  "မဟုတ်ပါဘူး။ရှင့်ရဲ့အတွေးတွေကို ရှင်ပြင်ဆင်တဲ့နည်းက အရမ်းဆရာကျတယ်လို့ ကျွန်မခံစားမိလိုက်လို့ပါ။စုံထောက်တစ်ယောက်လိုမျိုးပဲ"

  မိမိသည်မေးစေ့အောက်လက်နှစ်ဖက်ထောက်ကာ သူ့ထံအလွန်အကျွံချစ်မြတ်နိုးသည့်အကြည့်လေး အပ်နှင်းလိုက်သည်။

  စုယန်သည် ဂုဏ်ယူဝင့်ကြွားစွာပြုံးလာခဲ့သည်။

  "ငါဘယ်သူလဲဆိုတာကို မင်းမေ့နေတာလား။ငါကမှုခင်းစာရေးဆရာလေ"

(T/N-စုယန်ရဲ့အလုပ်က speculative author ပါ။အဆင်ပြေအောင်ဘယ်လိုသုံးရမလဲကို ခုထိမသိသေးလို့ ကိုယ်အဆင်ပြေတာသုံးလိုက်ပါတယ်။အကယ်၍မှားခဲ့သည်ရှိသော် အမှန်ပြင်ပေးနိုင်ပါတယ်ရှင့်)

  "အိုး ဟုတ်သားပဲ။ကျွန်မတော့ စကားတောင်ပြောမထွက်တော့ဘူး"

  စုယန်မှသူ့ကိုယ်သူမည်မျှဂုဏ်ဆာနေသည်ကို မြင်လိုက်ရသော် မိမိ၏ချစ်ခင်လေးစားမှုများသည် ခြေရာတစ်စက်မကျန်ပျောက်ကွယ်သွားတော့သည်။မိမိ၌ကျန်သည့်အရာများမှာ ခပ်ရွှဲ့ရွှဲ့စကားလုံးများသာဖြစ်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now