Ch-130 အရေထူဘုရင်
လေယာဉ်ထွက်ခွာခွင့်လက်မှတ်အား မိမိရပြီးသော်တုန်ယင်လာခဲ့သည်။ကိစ္စများမှာအရမ်းမြန်မြန်တိုးတက်သွားလိမ့်မည်မှန်း မိမိမသိခဲ့ပေ။မနေ့ညကမှ မိမိမှာစုယန်နှင့်ေလျှာက်ကစားနေကြဆဲဖြစ်သည်။၂၄နာရီတောင်မကုန်သေးပေမယ့် မိမိမှာသူနှင့်အပြီးတိုင်ခွဲခွာရပေတော့မည်။
မိမိမှာစုယန်၏လုံခြုံမှုအားမစိုးရိမ်ပေ။အန်းစွန်းကသူ့အားတစ်ကယ်ချစ်မြတ်နိုးသောကြောင့် ထိုအရာအားလုံးအားသူလုပ်မည်ဖြစ်သည်။သူသည်သူ့(စုယန်)အားမိမိထက်တောင်ပိုချစ်နိုင်လောက်ေပမည်။သူလုံခြုံပြီးပျော်ရွှင်နေသ၍ မိမိကျေနပ်ပါသည်။
ထိုသည်မှာအတော်လေးထူးဆန်းလေသည်။ငါကဘယ်အချိန်ကတည်းကတအားအနစ်နာခံတတ်သွားတာလဲ။အတိတ်မှာ ငါကဘယ်တုန်းကမှအဆင့်မြင့်အတွေးအခေါ်ရှင်တစ်ယောက်မဟုတ်ခဲ့ဘူး။မိမိမှာလွှတ်ချရန်မလိုလားခဲ့ပေ အထူးသဖြင့်ထိုသည်ကစုယန်ဆီရောက်လာချိန်တွင်ပေါ့။တစ်ခုခုဆိုလျှင် မိမိ၏လက်ကျန်တစ်ဘဝလုံးသူ့ဆီသာကပ်တွယ်နေချင်ခဲ့သည်။သို့သော် မိမိမှာယခုချိန်တွင်တော့ နောက်ခြေလှမ်းလှမ်းနေပြီဖြစ်သည်။
ရုတ်ချည်း မိမိမှာဂျပန်တုန်းကဓာတ်ပုံရိုက်ကွင်းပုံရိပ်ကိုပြန်အမှတ်ရသွားသည်။ကန့်လန့်ကာကျလာတုန်းက အဲ့သီချင်းကိုအန်းစွန်းကတမင်ဖွင့်ခဲ့တာဖြစ်ရမယ်။အဲ့ဒါကကြိုတင်နှုတ်ဆက်တဲ့အသိပေးချက်တစ်ခုဖြစ်နိုင်လောက်တယ်။အဲ့ဒါကိုငါကသာမသိခဲ့တာ။
အထီးကျန်ခြင်းကမိမိနားရစ်သိုင်းနေကာ မိမိသည်ခုံတန်းရှည်ပေါ်ထိုင်ရင်းသီချင်းအားညည်းနေလိုက်သည်။
"လားလား.....လားလား.....ဟွန်းဟွန်း...."
မိမိမှာသံစဉ်ရောစာသားပါမေ့နေခဲ့သည်။မိမိမှာကြုံရာကျပန်းသံစဉ်များကိုသာဖန်တီးနေခဲ့သည်။
မိမိဘေးရှိ စုံတွဲတစ်တွဲ၏အနီးကပ်ဆက်သွယ်မှုကိုမိမိမှာကြားနေရသည်။
"ပေါင်ပေါင် ကြည့်လိုက်ဦး။အပြင်မှာနှင်းကျနေတယ်"
"အဲ့ဒါကဘာများတအားထူးဆန်းနေလို့လဲ။ဆောင်းရာသီရောက်နေပြီလေ"
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...