Ch-128

220 20 0
                                    

Ch-128  Kabedon

  "အဲ့တော့နင်ငါ့ကိုပြောချင်တာက ဂျပန်ခရီးစဉ်ဆိုတာကလည်း တစ်လျှောက်လုံးအန်းစွန်းရဲ့အစီအစဉ်တစ်ပိုင်းဖြစ်နေတာပေါ့လေ။ဟွားဇီယုရှောင်းကလည်းသူ့လူတွေထဲကတစ်ယောက်ပေါ့။ငါတို့ဂျပန်မှာ‌ေပြာဆိုဆက်ဆံခဲ့ကြတဲ့လူတိုင်းရောအပါအဝင်လေ။အဲ့အချိန်ကတည်းကနင်တို့တွေ ငါ့ဝိညာဉ်ကိုအန်းစွန်းဝိညာဉ်နဲ့လဲဖို့စီစဉ်ထားပြီးပြီပေါ့"

  ရှလင်းကသူမပုခုံးများအားရွှေ့ကာ မိမိမျက်လုံးများကိုရှောင်နေသည်။

  "တစ်ကယ်တော့....ငါတို့ကနင်နဲ့စုယန်ကိုအချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့ကြတာ။ငါတို့ကဂျပန်မရောက်ခင်ထိအကွက်မရွေ့ခဲ့ကြလို့သာရယ်"

  ရှလင်းကရိုးရိုးသားသားဝန်ခံခဲ့သည်။

  မိမိတို့မှာထောင်ချောက်တစ်ခုအတွင်းသို့တည့်တည့်လျှောက်သွားခဲ့မိသည်ကို မိမိမှာမယုံကြည်နိုင်ခဲ့ပေ။မိမိသည်သဲလွန်စမဲ့ကာ မိမိတို့အသက်များသည်နီးနီးကပ်ကပ်စောင့်ကြည့်ခံနေရသည်ကိုလည်း မသိခဲ့ပေ။

  ရှလင်းကဆက်ပြောလာသည်။

  "အန်းစွန်းကအနိုင်ရသူကံစမ်းမဲကိုဆွဲ‌ေပးမယ့်လူဆီဝင်ပူးခဲ့တာ။သူကအနိုင်ရတဲ့လူကိုစုယန်ဆီပြောင်းပေးခဲ့ပြီး နင်တို့ကိုဂျပန်လာဖို့ဖျားယောင်းခဲ့တာ။ပြီးတော့ နင်တို့နှစ်‌ေယာက်လည်းရောက်ရော သူကနင့်ဆီချဥ်းကပ်ဖို့အခြားမိန်းမတစ်ဦးထဲဝင်ပူးခဲ့တယ်။မှတ်မိလား။ကော့ကေးဆပ်သူအန်နာလေ။အဲ့ဒါကတစ်ကယ်တော့ အန်းစွန်းပဲ"

  အမှန်တရားကမိမိမျက်နှာအား ရက်ရက်စက်စက်ဖြတ်ရိုက်လိုက်သည်။မိမိမှာသနားစရာကောင်းပြီးအသုံးမဝင်သလိုခံစားလိုက်ရသည်။ငါ့ဘဝကတစ်ကယ်တော့အန်းစွန်းအစီအစဉ်ရဲ့တစ်ပိုင်းတစ်စပဲလား။ငါကရုပ်သေးတစ်ရုပ်လိုထိန်းချုပ်ခံနေရတာပဲ။

  "အဲ့တော့အန်းစွန်းကသူအလိုရှိတဲ့တစ်ယောက်ယောက်ကို ထိန်းချုပ်နိုင်တယ်ပေါ့။သူကတိုင်းပြည်တစ်ခုလုံးကို ထိန်းချုပ်နိုင်တယ်လို့ဆိုလိုလိုက်တာမဟုတ်ဘူးလား"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now