Ch-139 ထင်ယောင်ထင်မှားဖြစ်ခြင်း
လူများမှာဆက်တိုက်ရောက်လာကြပြီဖြစ်သည်။မိမိသည်သင့်တင့်လျောက်ပတ်စွာဝတ်ထားသောဝန်ထမ်းတစ်စုမှာ တပြေးတည်းမတ်မတ်ထိုင်နေကြသည်ကို သတိပြုမိလိုက်သည်။သူတို့သည်ငယ်ရွယ်မှုစွမ်းအင်များဖြင့်ပြည့်နှက်နေသည်။သိရသလောက်တော့ သူတို့သည်ဘွဲ့ရပြီးစများဖြစ်ကြပြီး အလုပ်သင်အသစ်များဖြစ်ကြသည်။
မိမိသည်တိတ်တိတ်လေးထွက်လာကာ သူတို့ဘေးတွင်မတ်တပ်ရပ်လိုက်သည်။မိမိမှာဤငယ်ရွယ်သောကျောင်းသားလေးများနှင့် ထပ်ရောနေရမည်ဟု မည်သူထင်ထားပါမည်နည်း။မိမိသည်ယုံကြည်ချက်ရှိရှိဆံပင်အားပုတ်လိုက်သည်။မိမိမှာဆံပင်အတိုညှပ်ပြီးချိန်မှစ၍ မိမိ၏အသားအရေမှာသိသိသာသာတိုးတက်လာခဲ့သည်။ထို့အပြင် မိမိသည်မိမိ၏ငယ်ရွယ်သောသွင်ပြင်အား ထိန်းသိမ်းရန်အပိုအစီအစဉ်များလုပ်ခဲ့သည်။ငါက၃၀နားနီးနေပြီလို့ ဘယ်သူပြောနိုင်မှာလဲ။
ယခုတွင် မိမိမှာပိုက်ဆံအများကြီးရှိနေပြီဖြစ်၍ မိမိသည်ပုံပန်းသွင်ပြင်အား သဘာဝကျစွာပင်ပိုပြီးဂရုစိုက်လာခဲ့သည်။ပြောရလျှင် မိမိမှာအမျိုးသမီးတစ်ဦးဖြစ်သည်။အသားအရေထိန်းသိမ်းခြင်းနှင့် ဗျူးတီးဆလွန်းများမှာ မိမိတို့၏ပုံမှန်လမ်းကြောင်းအစိတ်အပိုင်းဖြစ်လာသည်။
ဟမ်...ထူးဆန်းလိုက်တာ...အလုပ်သင်အသစ်လေးတွေနားကလေထုက ငါထင်ထားသလိုလုံးဝဟုတ်မနေဘူးပဲ။သူတို့ကြည့်ရတာက ဘာလို့တအားသတိကပ်နေကြတာလဲ။သူတို့ကအခုလုပ်ဖော်ကိုင်ဖက်တွေမဟုတ်ဘူးလား။သောက်ပဲဟေ့...
ခေတ္တအကြာတွင် suitဝတ်ထားသောအမျိုးသမီးတစ်ဦးထွက်လာကာ အလုပ်သင်များရှေ့တွင်ရပ်လိုက်သည်။
"တို့ကမင်းတို့ကိုဦးဆောင်ဖို့တာဝန်ယူထားတဲ့လူပဲ။တို့နာမည်ကလော့ကျန်း။မင်းတို့ရဲ့လန်းဆန်းနေတဲ့သွင်ပြင်တွေပေါ်မူတည်ရရင် မင်းတို့ကလူငယ်အသုတ်ဆိုတာ တို့သေချာတယ်။အနာဂတ်ကျရင် တို့ကိုလော့ကျဲလို့ခေါ်ကြပေါ့"
လော့ကျန်းသည်ေမြာက်ကြွေမြာက်ကြွဖြင့် လူတိုင်းပေါ်အကြည့်ပို့လိုက်သည်။ထို့နောက်သူမသည် သူမ၏အစီအစဉ်စာရင်းအား လှန်လှောကာဆက်ေပြာလိုက်သည်။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...