CH-5မင်းတို့ကောင်လေးတွေအပြည့်အဝတာဝန်ယူရမယ်
"ခုနတုန်းကဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်မကိုပြောပါ။ပြီးတော့ကျွန်မမျက်နှာကျက်နဲ့ပတ်သက်ပြီးဘာလုပ်မယ်ဆိုတာရောပဲ။ဒီပြဿ နာ၂ခုဖြေရှင်းပြီးရင်တော့ ကျွန်မထွက်သွားပေးမယ်"
မိမိသည်စုယန်အားကြည့်ရင်းရှေ့ကိုမှီလိုက်သည်။
"OK OK OK,ဖြည်းဖြည်းချင်းအချိန်ယူကြတာပေါ့။ကိုယ်ရှင်းပြပါ့မယ်"
ရှန်ရှောက်ချင်သည်မိမိအားနှစ်သိမ့်ရင်း ကြားလူတစ်ယောက်လိုပြုမူနေသည်။ထိုသည်မှာမိမိသည်ရူးသွပ်သွားပြီးစုယန်အားထရိုက်မည်ကိုကြောက်နေပုံပေါ်သည်။
"ရေပိုက်ကလွန်ခဲ့တဲ့၂ရက်လောက်ကတည်းကပေါက်နေတာ။အဲ့အချိန်တုန်းကရေအများကြီးယိုကျမလာသေးဘူး။စုယန်ရောကိုယ်ရောကဇာတ်ကောင်ထဲစျာန်ဝင်နေတော့ သတိမထားမိလိုက်ကြဘူး"
"ရှင့်ရဲ့ဇာတ်ကောင်ထဲစျာန်ဝင်တယ်"
"စုယန်ကမှုခင်းဝတ္တုတွေရေးတဲ့စာရေးဆရာလေ။(သူသုံးထားတာ speculative authorပါ။အဲ့ဒါကိုဆီလျော်အောင်မသုံးတတ်လို့ ဒီလိုပဲရေးလိုက်ပါတယ်။မှားယွင်းခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါနော်)ဒီကာလက သူ့ရဲ့ဖန်တီးမှုကာလလေ။တစ်ကယ့်စိတ္တဇဆန်ဆန်ခံစားချက်ရဖို့ ဒီအခန်းထဲမှာ၂ရက်လောက် ကိုယ်တို့အချင်းချင်းမျက်နှာချင်းဆိုင်နေ,နေကြတာ။ကိုယ်ကလူသတ်သမားပြီးတော့သူကသားကောင်"
"သူ့ကိုဘာလို့အကုန်ပြောနေရတာလဲ"
စုယန်မှနှောင့်ယှက်လာသည်။
"ငါကသူ့ကိုရှင်းပြနေတာလေ။မင်းရဲ့ဒေါသ…မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်းပါ"
အချို့အကြောင်းများကြောင့် စုယန်နှင့်ရှန်ရှောက်ချင်သည် မိမိမျက်လုံးထဲတွင်လူအိုစုံတွဲတစ်တွဲနှင့်တူလှသည်။သူတို့ဖြစ်နိုင်မလားပဲ။
"ရှင့်ခန္ဓာကိုယ်နံ့က…မထူးဆန်းတော့ပါဘူး"
မိမိပါးစပ်မှာတွန့်သွားသည်။
"အမှန်တော့ကိုယ်တို့ပြီးနှင့်ပြီးပြီ။မင်းကထင်မထားဘဲရောက်လာတာလေ။ဒီတော့စုယန်ကပြောတယ်။မင်းကိုသာမျက်မြင်သက်သေအဖြစ်ဇာတ်လမ်းထဲပေါင်းထည့်လိုက်ရင် ပိုကောင်းသွားနိုင်တယ်လို့…"

YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...