Paid မှာအစအဆုံးပြီးထားပါပြီနော်။
Ch-74 ပူးပေါင်းခြင်း
စုယန်မှသူ၏စကားအားပြီးအောင်မပြောရသေးခင်တွင် မိမိသည်သမ်းဝေပြီးပျင်းတွဲနေသောခါးအား ဆန့်ထုတ်လိုက်သည်။
"အား...ကျွန်မကတော့ခုထိကောင်းကောင်းမနိုးသေးဘူးထင်တာပဲ။ကျွန်မခေါင်းကအိပ်ချင်နေသေးသလိုပဲရယ်.....ကျွန်မနည်းနည်းလောက်ထပ်သွားအိပ်လိုက်ဦးမယ်"
"ဟန်ဆောင်မနေနဲ့။အသုံးမဝင်ဘူး"
စုယန်သည်မိမိ၏ခါးအားလိမ်ဆွဲကာ
"မင်းသာရိုးသားမယ်ဆိုရင် ငါကသက်ညှာပေးမယ်။မင်းသာခုခံနေဦးမယ်ဆိုလို့ကတော့ အကျိုးဆက်တွေကပြင်းထန်လိမ့်မယ်နော်"
"အင်းး....ဒါကရှင်ကျွန်မကိုတာဝန်ပေးထားခဲ့တဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်မကတိတိကျကျဖြစ်ေစချင်ခဲ့လို့ အဲ့ထဲကိုအားထုတ်မှုအချို့ထားလိုက်တာပါပဲ။အဲ့တော့ကျွန်မကငါးတွေအကြောင်းပိုရှာထုတ်နိုင်ဖို့ အဲ့ဒီငါးပြတိုက်ကလူတွေနဲ့ အချိန်အတော်ကြာအောင်စကားပြောနေခဲ့တာလေ"
မိမိသည်အပြစ်ရှိသလိုခံစားရ၍ စုယန်၏မျက်လုံးများအားရှောင်နေခဲ့သည်။
တုံ့ပြန်လာခြင်းမရှိပေ။ခေတ္တအကြာတွင် မိမိမှာဂရုတစိုက်ခိုးကြည့်လိုက်သည်။အား!ငါတို့အကြည့်ချင်းဆုံသွားပြီဟ!ငါအခုအရမ်းကိုအပြစ်ရှိနေတဲ့ပုံပေါ်နေလားပဲ။
"မင်းကငါးပြတိုက်ကလူတွေနဲ့ဘာတွေဆွေးနွေးလာခဲ့တယ်ဆိုတာကို ငါစပ်စုချင်သွားပြီ"
"အချက်အလက်တွေအကုန်လုံးကို ပါဝါပွိုင့်ထဲမှာ ကျွန်မချရေးထားပြီးပါပြီ။ဘော့စ် ကိုယ့်ဘာသာကြည့် ကြည့်လိုက်တော့နော်။ကောင်းသောညပါ"
မိမိသည်ဆိုဖာပေါ်မှခုန်ဆင်းကာ ထွက်ပြေးချင်ခဲ့သည်။သို့သော်စုယန်မှာ မိမိ၏ကော်လံအားဖမ်းဆွဲထားခဲ့သည်။
"မင်းဒီနေ့မီဖန်ကိုမတွေ့ခဲ့ဘူးလား။ပြီးတော့သူမနောက်ကိုမလိုက်ခဲ့ဘူးလား"
"ရှင်ကျွန်မကိုလိုက်ချောင်းနေတာလား"
စုယန်ကငါဘာတွေလုပ်နေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီးသိတာလဲ။အစောပိုင်းငါသူ့ကိုဖုန်းခေါ်တုန်းကကျ သူကသေချာပေါက်ကိုအိပ်နေတုန်းပဲလေ။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...