Ch-39 ဘာဖြစ်သွားတာလဲ"ထပ်တိုးခဲ့ဦး"
စုယန်မှာအမိန့်ပေးလာသည်။မိမိလည်းသူနှင့်မျက်နှာချင်းဆိုင်ရန် တစ်ကိုယ်လုံးသာလှည့်ချလိုက်သည်။မိမိသည်စုယန်အား ညစ်တစ်တစ်ကြည့်လိုက်သည်။
သူသည်မိမိခါးအားဆွဲလိုက်ကာ သူ၏ညာလက်ဖြင့်မိမိဘယ်လက်အားရောယှက်ဆုပ်ကိုင်လိုက်သည်။ထို့နောက်သူသည်မိမိအားသူ့ထံဆွဲလိုက်ပြီး သူ၏ဘယ်ဘက်လက်အား မိမိကျောပြင်ပေါ်ညင်သာစွာတင်လိုက်သည်။မိမိ၏ဒူးခေါင်းများမှာ သူ၏ခြေထောက်များပေါ်တက်ကြိတ်မိသွားပြီး မိမိတစ်ကိုယ်လုံးမှာ ထိန်းချုပ်မှုလွတ်သွားကာရှေ့သို့ကိုင်းညွှတ်သွားတော့သည်။သီသီလေးပဲလိုတော့တယ်။မိမိသာအရှိန်မထိန်းနိုင်ခဲ့ပါလျှင် သူ့အားနမ်းမိသွားလိမ့်မည်ပင်။
"အင်း!"
စုယန်သည်မိမိထံခေါင်းငုံ့ကြည့်လာသည်။တိတ်ဆိတ်သွားတာပဲ။
"ဘာ ဘာဖြစ်လို့လဲ"
စုယန်သည်မိမိမျက်နှာအား စိတ်ဝင်တစားငေးကြည့်နေသည်။ငါနည်းနည်းတော့ကြောက်လာပြီနော်။ငါ့မျက်နှာမှာတစ်ခုခုရှိနေလို့လား။ငါ့ဆံပင်တွေပွနေလို့လား။ဒါမှမဟုတ် နှာခေါင်းကနေနှာရည်ယိုနေလို့လား။ဟမ်းး ဖြစ်နိုင်တာက....
မိမိမှာတောင်စဉ်မရလျှောက်တွေးနေစဉ် စုယန်မှစာတစ်ကြောင်းအားတည်တည်ငြိမ်ငြိမ်ပြောလာသည်။
"ဒါကကျရှုံးသွားပြီကွာ...အိုင်းယား။အရမ်းနာတာပဲ"
ထို့နောက်သူသည်မိမိလက်အားလွှတ်ေပးပြီး သူ့ဆီမှတွန်းချလိုက်ကာ သူ၏ခြေထောက်များကိုကိုင်ရင်းနာကျင်မှုကြောင့်ရှုံ့မဲ့နေကာစောင်ပေါ်တွင်လူးလိမ့်နေတော့သည်။
"ရှင်အဆင်ပြေရဲ့လား"
စုယန်သည်လူးလိမ့်နေရင်း မိမိထံမျက်ရည်ဝေ့သီနေသောအကြည့်တစ်ချက်ပစ်လွှတ်လိုက်ကာ သူ၏ဖုန်းအားမိမိထံပစ်ပေးလာသည်။
"ကြည့် ကြည့်လိုက်"
ထိုသည်မှာစုယန်မှပြုလုပ်ရန်ကြိုးစားခဲ့သည့် ဒရာမာတစ်ကား၏အပိုင်းတစ်ခုဖြစ်သည်။ဇာတ်လိုက်မင်းသားနှင့်ဇာတ်လိုက်မင်းသမီးတို့မှာ သူတို့၏လက်ချောင်းလေးများအားရောယှက်ဆုပ်ကိုင်ထားကြသည်။ထို့နောက်ဇာတ်လိုက်မင်းသားသည် ဇာတ်လိုက်မင်းသမီးအား သူ၏လက်မောင်းများထဲဆွဲလှည့်ယူလိုက်ပြီး သူ၏ရင်ခွင်တွင်းသို့ပွေ့ဖက်လိုက်သည်။သူတို့ကိုကြည့်ရတာကနေကြသလိုပဲ။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...