Ch-114

194 17 0
                                    

Ch-114  ထင်မထားသောအဆုံးသတ်

  "နင်ကထွက်သွားဖို့ဆုံးဖြတ်ထားပြီးပြီဆိုမှတော့..."

  မိမိအသံမှာဩရှနေသည်။

  "စုယန်နဲ့ငါကနင့်ကိုနောက်ဆုံးတစ်ကြိမ်ကူညီပေးလိုက်မယ်"

  "နင်...."

  "ကလေးကိုထိန်းထားမယ်ဆိုတဲ့နင့်ဆုံးဖြတ်ချက်ကို ငါသဘောမတူပေမယ့်နင့်နည်းအတိုင်းဆက်လုပ်နေတာကိုတော့ ငါဒီအတိုင်းလေးစောင့်ကြည့်မနေနိုင်ဘူးလေ။ဒီနေ့ကသတ်မှတ်ထားတဲ့နောက်ဆုံးရက်ပဲ။နင်ဒီမှာဆက်မနေသင့်တော့ဘူး။စုယန်နဲ့ငါတစ်ခုခုစဉ်းစားထားလိုက်မယ်။ငါသူ့ကိုဖုန်းဆက်နေတုန်း ဒီမှာစောင့်လိုက်ဦး"

  အဆုံးတွင် မိမိသည်သာအရှုံးပေးလိုက်ရသည့်လူဖြစ်သည်။သူမအားဤကဲ့သို့ပုံစံဖြင့်သွားခွင့်ပြုလိုက်ရန်  မိမိမှာလွှတ်မထားနိုင်ခဲ့ပေ။

  မိမိမှာစုယန်၏ဖုန်းနံပါတ်အား ခေါ်ဆိုနေစဉ် တစ်ယောက်ယောက်ကတံခါးမကြီးအားခေါက်လာခဲ့သည်။

  အသက်ရှည်ဦးမယ်။ငါကသူ့ကိုပြောနေတုန်းသူကပြန်လာပြီ။

  "အထဲဝင်ခဲ့လေ ဆွေးနွေးကြစို့...."

  တံခါးအားဖွင့်ပြီးနောက် မိမိမှာထိုသည်ကမည်သူမှန်းလှည့်မကြည့်ခဲ့ပေ။သို့သော်ကောင်းကျားလန်၏ဖြူဖျော့နေသောမျက်နှာအား သတိပြုမိလိုက်ချိန်တွင် မိမိမှာခေါင်းလှည့်ကြည့်လိုက်သည်။

  အဲ့ဒါဝမ်ရိဟန်ကြီးဟ။

  "ဒီနေ့ကသတ်မှတ်ရက်နောက်ဆုံးနေ့လေ။ကျွန်‌ေတာ်အလည်လာခဲ့တာ"

  ဝမ်ရိဟန်သည်ပြုံးပြလိုက်သည်။လေထဲတွင်သတ်ဖြတ်ခြင်းအော်ရာများရှိနေသည်။

  ကောင်းကျားလန်မှာ ခရီးဆောင်အိတ်အားကြမ်းပြင်ပေါ်လွှတ်ချလိုက်မိသည်။ဝမ်ရိဟန်သည်ခေါင်းငုံ့ကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလာသည်။

  "ငါအချိန်မှန်မှာရောက်လာတဲ့ပုံပဲ။အဲ့လိုမှမဟုတ်ရင် မင်းကအဝေးကိုထွက်ပြေးတော့မှာပေါ့"

  ပြီးနောက်ဝမ်ရိဟန်သည် မကျေမနပ်ဖြင့်မိမိအားကြည့်လာသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now