Ch-145

210 17 0
                                    

Ch-145  အဘွားမုန့်၏စာ

  မိမိတို့ကြားတွင်အချိန်အတော်ကြာအောင်တိတ်ဆိတ်သွားသည်။ရုတ်ချည်းစုယန်မှာသက်ပြင်းချကာ မိမိအားလွှတ်ပေးလိုက်သည်။

  "အဲ့တော့မင်းကကိုယ်ထင်ထားသလိုမျိုးအကြင်နာမဲ့နေတာတော့မဟုတ်ဘူးပဲ။၃နှစ်ကြားပြီးတာတောင် ကိုယ်ကမင်းချစ်တဲ့လူဖြစ်နေတုန်းပဲလေ ဟုတ်တယ်မလား။မင်းရိုးသားလို့ရပါတယ်။မင်းဘာပြောပြောကိုယ်မင်းကို ယုံကြည်ပေးမှာပါ"

  အခုချက်ချင်းဒီမေးခွန်းကိုငါဖြေမယ်လို့ သူကဘယ်‌လိုတောင်ထင်နေတာလဲ။အချစ်ဆို‌ေသာစကားလုံး မိမိပါးစပ်မှထွက်မလာသည်မှာအတော်ကြာနေလေပြီ။

  စုယန်သည်ဓာတ်ပုံတစ်ပုံအားခါပြလာသည်။ထိုသည်မှာမိမိတို့ကမ်းခြေတွင်ရှိနေကြစဉ်က သူ့အားမိမိရိုက်ပေးထားသည့်ဓာတ်ပုံဖြစ်သည်။မိမိမှာထိုသည်ကိုလုလိုက်ချင်ပေမယ့် သူသည်မိမိလက်လှမ်းမှီရာမှအဝေးကိုသယ်သွားခဲ့သည်။စုယန်သည်နောက်ဆုံးလင်း‌ေနသည့်ဖယောင်းတိုင်ဘေးတွင်ရပ်လိုက်သည်။

  "မင်းကဓာတ်ပုံတွေအားလုံးကိုမီးရှို့ခဲ့တာလို့ ကိုယ်ထင်နေတာ။ထူးထူးဆန်းဆန်း မင်းကတစ်ပုံကိုသိမ်းထားတာပဲ"

  "အဲ့ဒါကမတော်တဆပါပဲ။ဒါပေမယ့် ဒီဓာတ်ပုံကပေးလာတဲ့ခံစားချက်ကို ကျွန်မကြိုက်တယ်လေ။မီးရှို့ပစ်ဖို့ကနှမြောစရာကြီးမလို့ပါ"

  အချိန်တိုင်းတွင် မိမိမှာစုယန်၏ဓာတ်ပုံအား မိမိပိုက်ဆံအိတ်ထဲတွင်သိမ်းထားခဲ့သည်။သူသည်မိမိဘေးတွင်လူအကောင်လိုက်ကြီးရှိမနေပေမယ့် သူ၏တစ်စိတ်တစ်ပိုင်းက မိမိနှင့်ရှိနေသည်ဆိုသည်အားသိရသည်မှာ နှစ်သိမ့်မှုဖြစ်စေသည်။

  "အဲ့တော့မင်းက ကိုယ့်ဆီကိုပြန်လာတာထက်ဓာတ်ပုံတစ်ပုံကိုပဲသိမ်းထားဦးမယ်လို့ ပြောနေတာလား"

  စုယန်သည်ဓာတ်ပုံအားမြှောက်ကာဖယောင်းတိုင်အနား ဖြည်းဖြည်းချင်းယူသွားလိုက်သည်။

  "ဘာများထူးမှာမလို့လဲ။အခုပဲကိုယ်ကကူပြီးအဆုံးသတ်ပေးမယ်"

  စုယန်မှာဓာတ်ပုံအားမီးရှို့လိုက်တော့သည်။မိမိသည်အော်ဟစ်ကာ ဓာတ်ပုံအားကယ်တင်ဖို့ပြေးလာလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now