Ch-17 လူသတ်သမားကဘယ်သူဆိုတာငါသိတယ်
"ငါမင်းကိုအကြောင်းပြချက်ပြောပြပြီးသွားပြီ။ကျန်တာကိုေတာ့မင်းဘာသာဖော်ထုတ်တော့။ပြီးတော့အနာဂတ်မှာမင်းဆီအခြားပြဿနာတစ်ခုခုရှိလာခဲ့ရင် အချိန်မရွေးငါ့ဆီလာတွေ့လို့ရတယ်။ဒီနေရာကအရမ်းကိုတိတ်ဆိတ်နေတာ။လူတော်တော်များများကဒီကိုမလာကြတော့ ငါတစ်ကယ်ကိုပျင်းနေတာ..."
မိမိသည်ပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်လိုက်ပြီး ပါးစပ်တွန့်သွားမိသည်။တစ်ယောက်ယောက်ကဒီကိုဘာလို့မလာချင်ရတာလဲ။သူတို့တွေသာလာခဲ့ရင် သူတို့လည်းပဲငါ့လိုဖြစ်ရင်ဖြစ် ဒါမှမဟုတ် ပိုတောင်ဆိုးလောက်တယ်။
သို့ေသာ်လည်း မိမိသည်အဘွားမုန့်၏အကူအညီအားကျေးဇူးတင်မိနေသေးသည်။အနည်းဆုံးတော့ ယခုတွင်မိမိဘာလုပ်ရမည်အား ယေဘုယျအကြံရှိလာလေပြီလေ။
"ကျေးဇူးပါပဲ"
မိမိသည်အဘွားမုန့်အားလေးလေးနက်နက်ဂါရဝပြုလိုက်ပြီး ခပ်မြန်မြန်ထွက်လာလိုက်သည်။မိမိသည်ဤကဲ့သို့ထူးဆန်းပြီးကြောက်စရာကောင်းသောနေရာအားနောက်တစ်ဖန်ပြန်မလာချင်တော့ပေ။
ဓာတ်လှေကားတံခါးမှာ ပထမထပ်တွင်ပွင့်လာချိန်တွင် ဟွမ်ဇီဝမ်သည်မိမိရှေ့တွင်ရပ်နေခဲ့သည်။
ငါဘယ်မှာရှိတယ်ဆိုတာ သူဘယ်လိုသိတာလဲဟ။
သို့သော်သူသည်မိမိအားလာတွေ့သည်ဆိုကတည်းမှ သူ၏စိတ်အားပြင်ဆင်ပြီးနှင့်ပြီဖြစ်ပေလိမ့်မည်။
ထိုသည်မှာမလိုအပ်သောအဆင့်တစ်ခုဖြစ်နေသော်ငြား မိမိသည်ဘယ်လိုဖြစ်ဖြစ်မေးမြန်းရန်ဆုံးဖြတ်လိုက်သည်။
"ကျွန်မနဲ့ပူးပေါင်းဖို့ရှင်ဆုံးဖြတ်ပြီးပြီလား"
ဟွမ်ဇီဝမ်သည်ခေါင်းငြိမ့်ပြကာ မိမိရှေ့မှလွှင့်မြောသွားသည်။
မိမိသည်သူ့နောက်မှတည်တည်ငြိမ်ငြိမ်လိုက်သွားလိုက်သည်။မိမိ၏အလိုလိုသိစိတ်မှနေ သူသည်မိမိအားလူသတ်သမားထံဦးတည်ခေါ်ဆောင်သွားနေသည်ဟုပြောနေလေသည်။

YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...