GPမှာ ၃၇ရောက်နေပါပြီနော်။တစ်ရက်တစ်ပိုင်းတင်ပေးနေတာမလို့gpဝင်ချင်ရင် စာပို့လိုက်ပါရှင့်။
Ch-20 ရှီယုကငါ့ကိုမမှတ်မိဘူး
ဆရာဝန်ထွက်သွားသည်နှင့်စုယန်ကခရားအိုးအပြာလေးနှင့်လမ်းေ လျှာက်ပြန်လာသည်။
"ဘာတွေဖြစ်ခဲ့တယ်ဆိုတာငါ့ကိုရှင်းပြ"
မိမိပါးစပ်ဖွင့်ဟလိုက်မိသည့်အခိုက်တွင်ပင် ထိုအတွက်ချက်ချင်းနောင်တရမိသွားသည်။
ငါဒီလိုမပြောလိုက်သင့်ဘူး။ထို့ကြောင့်မိမိသည်ခပ်မြန်မြန်စကားလှည့်လိုက်ကာ
"ရှင်နဲ့ရဲတွေကကျွန်မကိုတိတ်တိတ်လေးနောက်ယောင်ခံလိုက်နေခဲ့တာလား"
"ဟုတ်တယ်"
စုယန်မှတုံ့ပြန်လာသည်။သူသည်သူ့ကိုယ်သူအတွက်ရေတစ်ခွက်လောင်းထည့်ကာ ခပ်မိုက်မိုက်အမူအယာဖြင့်ခုံနောက်ကိုမှီထိုင်လိုက်ပြီးသူ့ခြေထောက်များအားချိတ်ထိုင်လိုက်သည်။
"ကျွန်မအစီအစဉ်ကိုရှင်တို့ဘယ်လိုသိတာလဲ"
"မင်းရဲ့ေရွှငါးဦးနှောက်ကိုသုံးလေ။ငါနဲ့ရှန်ရှောက်ချင်ရဲ့ဆက်ဆံရေးကဘာလဲလို့"
စုယန်သည် မျက်မှန်ဘောင်အလယ်မှတစ်ဆင့်သူ့လက်ချောင်းအားကွေးလိုက်ကာ မျက်မှန်ချွတ်လိုက်သည်။
ထိုပေါ်တွင်အစောကတည်းမှမှန်တပ်ထားခြင်းမရှိပေ။
"မင်းကသူ့ရဲ့စောင့်ကြည့်ကင်မရာပါတဲ့မျက်မှန်ဘောင်ကိုငှားချင်နေတယ်လို့ သူကငါ့ကိုပြောတယ်လေ။လူသတ်သမားကိုဖမ်းဖို့မင်းရဲ့ကိုယ်ပိုင်အသက်ကိုအဆုံးရှုံးခံဖို့စီစဉ်ထားတယ်ဆိုတာကိုငါမယုံနိုင်သေးဘူး"
သူ၏လေသံအရ သူကူကယ်ရာမဲ့နေသလား၊မိမိအားလှောင်ပြောင်ရန်ကြိုးပမ်းနေသလားဆိုသည်ကိုမိမိမပြောနိုင်တော့ပေ။
ဤအကြိမ်၌ မိမိသည်စုယန်ကိုမပြောပြရန် ရှန်ရှောက်ချင်အားကောင်းကောင်းကြီးကိုတောင်းဆိုခဲ့သည်လေ။မမျှော်လင့်စွာပင် သူကလုပ်လိုက်မိဆဲပင်။မိမိသည်နှုတ်ခမ်းစူလိုက်ကာ စုယန်အားတည့်တည့်မကြည့်ရဲတော့ပေ။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...