Ch-106 မကြိုဆိုသောဧည့်သည်
"အဲ့မှာတစ်ခုရှိတယ်...."
မိမိသည်စုယန်၏ခြေဖဝါးအား လက်ညှိုးထိုးပြလိုက်သည်။
လမ်းတစ်လျှောက်တွင် စုယန်မှာအနား၌သရဲများရှိမရှိကို မိမိအားမေးလာခဲ့သည်။သူတို့ကဘာနဲ့တူလဲဆိုတာမျိုးပေါ့။ထိုသည်မှာမိမိတို့အရှေ့တံခါးဝင်ပေါက်ဆီမရောက်ခင်အထိ ဆက်တိုက်အချိန်ယူလာခဲ့ရသည်။
သူသည်ကြက်ပေါက်လေးဆိုသည်မှာ သေချာပါသော်ငြား သိချင်နေသေးလေသည်။
"ဒီမှာလား"
စုယန်သည်အော်ဟစ်ရင်း ပုခုံးများအားကျုံ့ကာသူ့ပတ်လည်အားလက်ညှိုးလျှောက်ထိုးပြနေတော့သည်။သူ့အသံမှာတုန်ယင်နေပေမယ့် အတည်ပြုချက်အားအလိုရှိနေခဲ့သည်။
"သူကငါ့ဘေးမှာလား"
မိမိသည်ခေါင်းယမ်းကာ စုယန်ေခြေထာက်ေအာက်ရှိပြုံးဖြီးနေသော ဘော်ဒီဂတ်အားစိုက်ကြည့်လိုက်သည်။
"မဟုတ်ဘူး။ရှင်ကသူ့ကိုတက်နင်းထားတာ။သူကM(masochist)တစ်ယောက်ဖြစ်လောက်တယ်..."
ထိုစကားလုံးများမိမိပါးစပ်မှလွတ်ထွက်သွားချိန်တွင် စုယန်သည်သိသိသာသာခုန်ပေါက်လိုက်ပြီးမိမိနောက်ရောက်လာသည်။သူသည်မိမိပုခုံးများအားလွှတ်မပေးဘဲ သူ့ခေါင်းအားတောင့်တင်းစွာ ဘယ်ညာလှည့်ပြီး ဟောဟဲလိုက်နေသည်။
"ဘယ်မှာလဲ။ဘယ်မှာလဲ။ဘယ်မှာလဲ"
"သူကတံခါးဝင်ပေါက်မှာလှဲပိတ်နေရတာကို ကြိုက်တယ်။အဲ့တော့ရှင်တိုက်ခန်းကို အဝင်အထွက်လုပ်တိုင်း သူ့ကိုတက်နင်းသွားရလိမ့်မယ်။အဲ့တာကိုစိတ်မပူပါနဲ့"
မိမိသည်စုယန်အားနှစ်သိမ့်ရန် အကောင်းဆုံးကြိုးစားပြီး လက်တစ်ဖက်ဖြင့်သူ့ခေါင်းအား ပုတ်ပေးကာ ကျန်တစ်ဖက်ဖြင့်passwordအားနှိပ်လိုက်သည်။
မိမိသည် စုယန်အားဘော်ဒီဂတ်သရဲလေးကို ဘယ်လိုရှောင်ရမည်အား သရုပ်ပြလိုက်သည်။
"ရှင်သာကျွန်မရဲ့လှုပ်ရှားမှုလို လိုက်လုပ်ရင် သူ့ကိုတက်မနင်းမိပါဘူး"
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...