Ch-50

544 45 0
                                    

Paid group မှာအစအဆုံးပြီးဖို့၁၄ပိုင်းပဲကျန်ပါတော့တယ်ရှင့်။ဂရုဝင်ချင်တဲ့ကလေးတွေစာပို့ပေးထားလိုက်နော်။

Ch-50  ဟုန်ရှောင်ပေ့၏ဇာတ်လမ်း(P-2)

  "နေဦး"

  ဟုန်ရှောင်ပေ့သည်ကယ်ဗင့်အားသတိပေးရင်း တံခါးကိုထိန်းကိုင်လိုက်သည်။

  "ရှင်သာကျွန်မကိုတစ်ခုခုထူးဆန်းတာတွေလာလုပ်လို့ကတော့ ရှင့်ကိုအလွှတ်ပေးမှာမဟုတ်ဘူး"

  ကယ်ဗင်သည်ဟုန်ရှောင်ပေ့အား ခေါင်းမှစခြေအဆုံး၊ဘယ်မှညာ ဂရုတစိုက်စစ်ဆေးလိုက်သည်။သူအိမ်ပြန်ရောက်ပြီးသော် သူမတွင်ရှုဝေ့ရှန်နှင့်တူညီသောမျက်နှာရှိကြောင်းကို အတည်ပြုလိုက်နိုင်ခဲ့သည်။ဒါပေမယ့် ဘာဖြစ်လို့သူတို့ထဲကတစ်ယောက်က လက်လှမ်းမမှီလောက်အောင်မြင့်လွန်းတဲ့တော်ဝင်ဆန်ဆန်လေထုကိုပိုင်ဆိုင်ထားပေမယ့် အခြားတစ်ယောက်ကကျတော့ နွမ်းပါးတဲ့အော်ရာတွေစိမ့်ထွက်နေတဲ့ပုံပေါ်နေတာလဲ။

  "စိတ်မပူပါနဲ့။ငါကမကန်းပါဘူး။မင်းသာငါ့အပေါ်အကွက်ရွှေ့မလာခဲ့ရင်ကို ငါကဘုရားသခင်ထံကျေးဇူးတင်ရလိမ့်မယ်။ပိုက်ဆံကစားပွဲပေါ်မှာရှိတယ်။ကိုယ့်ဘာကိုယ်သွားယူချည်"

  ကယ်ဗင်သည်မချဉ်းကပ်နိုင်ပဲဝေးကွာသလိုဖြစ်စေရန် ဟန်ဆောင်နေခဲ့သည်။သူသည် သူ၏တိုက်ခန်းထဲဝင်သွားကာ မှာထားသည်ကိုစားပွဲပေါ်တင်လိုက်သည်။ထို့နောက်သူသည်ဆိုဖာပေါ်ထိုင်လိုက်ပြီးပြုံးလိုက်သည်။သူ၏အမူအယာမှာ သူသည်ကောင်းကောင်းပြင်ဆင်ထားသည်ဟုပြသ‌ေနသည်။

  ဟုန်ရှောင်ပေ့ဝင်လာချိန်တွင် သူမသည်စားပွဲပေါ်ရှိပိုက်ဆံကိုသာ သူမ၏အာရုံအားပို့ထားပြီး ထိုသည်အားယူရန်သွားလိုက်သည်။သူမသည်တတ်နိုင်သမျှထွက်သွားချင်နေလေသည်။

  "ဒါကဘာလဲ"

  သူမသည်စားပွဲပေါ်ရှိဓာတ်ပုံတစ်ပုံအား မတော်တဆသတိပြုမိလိုက်သည်။ဓာတ်ပုံထဲတွင်ဆယ်နှစ်ပတ်လည်ကလေးနှစ်ဦးရှိနေလေသည်။သို့သော်ကလေးမလေးသည် သူမ၏ငယ်ရုပ်နှင့်ဘာကြောင့်များတူညီနေပါသနည်း။သူမသည်ဤကဲ့သို့သောဓာတ်ပုံမျိုးရိုက်ထားသည်ကို အစဖော်မရတော့ပေ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now