Chapter 4
မျက်နှာသာ ပေးရမယ်တဲ့လား...မှောင်မိုက်နေသည့်လမ်းကို လရောင်တစ်မျိုးတည်းက အလင်းဓာတ်ပေးထား၍ မကောင်းဆိုးဝါးမိစ္ဆာ၏ ထူးခြားသောပုံပန်းသွင်ပြင်က ပို၍ကြောက်စရာကောင်းနေသည်။ ကျန်းခယ့်က သွေးနှစ်လုတ်ဆက်တိုက် အန်ထွက်လာပြီးနောက် သူ့ရှေ့တွင်ရပ်နေသည့် ပိန်ပိန်ပါးပါးနှင့် ဖူလီကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲ စိတ်ဓာတ်ကျမှုလှိုင်းတစ်ခု ရိုက်ခတ်လာပေသည်။ ချင်းရှောင်ဂိုဏ်း၏ ထူးချွန်သောတပည့်တစ်ယောက်ဖြစ်သည့်သူက နှလုံးသားကို မကောင်းဆိုးဝါးမိစ္ဆာက ဆွဲထုတ်သွားခြင်းခံရပြီး လမ်းကြိုလမ်းကြားတစ်ခုတွင် ပျောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မဟုတ်သေးပါဘူး... သူ ခုနက ဖူလီကိုကွယ်ပြီး ရပ်နေပေးတာလေ... မျက်စိတစ်မှိတ်အတွင်း အဲ့ကောင်လေးက ဘယ်လိုလုပ် သူ့ရှေ့ရောက်လာတာလဲ..
သူ ဒီတစ်ခါရော သူရဲကောင်း လုပ်ချင်ပြန်တာလား...
" ဟန်ဆောင်မနေနဲ့တော့... ခင်ဗျားထွေးထုတ်လိုက်တဲ့သွေးက ပန်းကန်လုံးတစ်လုံးစာတောင်ပြည့်တော့မယ်... ရပ်နေရတာ မပင်ပန်းဘူးလား..."
ဖူလီက ကျန်းခယ့်ကိုလှည့်ကြည့်လိုက်ပြီး ကျောက်တုံးလှေကားများကို လက်ညှိုးထိုးပြလိုက်သည်။" ဟိုမှာ ထိုင်နေပါလား..."
မင်း ဖင်ကြီးကိုပဲထိုင်လေ... နှစ်ယောက်လုံးက သေခါနီးဖြစ်နေတာတောင်မှ သူက ငါ့ကို လာထိုင်ခိုင်းနေသေးတယ်...
ကျန်းခယ့်က ဒေါသထွက်သွားပြီး နောက်ထပ် သွေးတစ်လုတ်အန်လုနီးပါးဖြစ်သွားသည်။
ဒီမိစ္ဆာလေးက အန္တရာယ်ဆိုတာဘာလဲ သိရဲ့လား...သူ ထိုအကြောင်းတွေးနေစဉ်တွင် မကောင်းဆိုးဝါးမိစ္ဆာ၏ လက်များက လက်သည်းများအဖြစ်။အသွင်ပြောင်းသွားသည်။ ချွန်ထက်သည့်လက်သည်းများဖြင့် ဖူလီ၏ရင်ဘတ်ကို လှစ်ခနဲတိုက်ခိုက်လိုက်၍ ဖူလီက "အား" ဟုပင် အော်ချိန်မရလိုက်ပေ။
နောက်တစ်စက္ကန့်အကြာတွင် ကျန်းခယ့်၏ခန္ဓာကိုယ်ကို ခါးနေရာမှစ၍ ဆွဲမ'ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ သူ အသိစိတ် ပြန်ဝင်လာချိန်တွင် ခြံစည်းရိုးပေါ်၌ ရပ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...