chapter 182

789 132 5
                                    

Chapter 182
Sue Xing NwaySeptember 01, 2023
Chapter 182

Extra 1 - တံခါးဖွင့်ခြင်း



ဖူလီက သတ္တိရှိသော ယောင်ကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့ပေ။ အသက် ၅၀၀ခန့်တွင် ဖေးယီကြောင့်  ကြောက်လန့်ခဲ့ရပြီး သူ့စိတ်ထဲတွင် အမွေးအမျှင်မရှိသည့် ပြောင်ချောချောသတ္တဝါများကို ကြောက်စိတ်ဖြစ်ပေါ်လာခဲ့သည်။

သူက သေခြင်းတရားနှင့် ခွဲခွာခြင်းဟူသည့်အရာများကို အလွန်ကြောက်သည်။

ရောင်ပြန်မြူတောင်ပေါ်မှ အကြီးအကဲများ၏ အသွင်အစစ်ကို သိမြင်ပြီးသွားချိန်တွင်လည်း သူ့ကိုယ်သူ အထင်ကြီးလောက်စရာကောင်းသည့် မင်္ဂလာသားရဲဟု ထင်ခဲ့မိသည်။

သို့ရာတွင် သူ့မျက်နှာသို့လာစင်သော ‌နှလုံးသားသွေးနှင့် အကြီးအကဲပိုင်ဇယ်ထံမှ မင်္ဂလာအလင်းတန်းက သူ့ကို လောင်ကျွမ်းလုနီးပါး ဖြစ်စေခဲ့သည့်အခါမှ အမြင်မှန်ရသွားခဲ့သည်။ သူက မင်္ဂလာသားရဲမဟုတ်ဘဲ မကောင်းဆိုးဝါးသားရဲဖြစ်နေရုံသာမက လောကကြီးကိုပါ ပျက်စီးမှုများ ယူဆောင်လာပေးသည့် ဒဏ္ဍာရီလာ မိစ္ဆာဧကရာဇ်ဖြစ်နေသည်။

သူ မသေချင်သေးဘူး... အသက်ရှည်ရှည်နေချင်သေးတယ်... ကျွမ်းချင်နဲ့လည်း တာအိုပေါင်းစည်းအခမ်းအနားလုပ်ချင်သေးတယ်... ကျင့်ကြံရေးလောကတစ်ခုလုံးက မနာလိုဖြစ်ရလောက်အောင်လှတဲ့ အခမ်းနားဆုံး အလှပဆုံးပွဲတက်ဝတ်စုံကိုလည်း ဝတ်ချင်သေးတယ်...

ဒါပေမဲ့ သူ မသေဘူးဆိုရင် လူပေါင်းများစွာက သေကြရတော့မှာ... အကြီးအကဲပိုင်ဇယ်၊ အစ်မကျူးယွဲ့နဲ့ နဂါးလေးကျွမ်းတို့ရော...

ကျွမ်းချင်၏ရင်ဘတ်ကို ရိုက်ထုတ်လိုက်ချိန်တွင် သူက ရုပ်ရှင်ဇာတ်လမ်းများထဲတွင်  လောကကြီး၏ကောင်းကျိုးအတွက် အသေခံပေးကြသော သူရဲကောင်းများနည်းတူ ခံ့ညားနေသည်ဟု တွေးလိုက်မိသေးသည်။

ဟို့က လောကကြီး၏ ခံစားချက်ခုနစ်ပါးနှင့် တောင့်တမှုခြောက်မျိုးတို့ကြောင့် မွေးဖွားလာခဲ့ရခြင်းဖြစ်ပြီး ထိုအရာများကြောင့်လည်း သေဆုံးသွားနိုင်ပေသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းOnde histórias criam vida. Descubra agora