chapter 179

325 76 0
                                    

Chapter 179
Sue Xing NwaySeptember 01, 2023
Chapter 179

သူ ပြန်လာပြီ



ဖူလီ့မျက်လုံးထဲတွင် အမုန်းတရားများနှင့် ပြည့်နှက်နေသည့် လောကကြီးက အနက်နှင့် အနီရောင်များရောယှက်နေပြီး ရှု့ထောင့်ပေါင်းစုံမှ မနှစ်မြို့ဖွယ်ရာများဖြင့် ပြည့်နေသည်။ သူ့လူများဖြစ်သည်။ မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်များက ထိုမနှစ်မြို့ဖွယ်ရာကောင်းမှုများထဲတွင် ရုန်းကန်နေရသည်။ ရေလွှမ်းမိုးခံရချိန်တွင် မျောပါသွားသည့် ပုရွက်ဆိတ်များကဲ့သို့ပင် ကံကြမ္မာရေစီးဖြင့် မျောပါသွားပြီး နောက်ဆုံးတွင် သူတို့၏ အလောင်းများက ပင်လယ်ကြမ်းပြင်တွင် အနားယူသွားကြရသည်။

" ဖူလီ..."

" ဖူလီ..."

ဖူလီက အစီအရင်ထဲ ခြေချလိုက်ရာမှ နောက်တစ်လှမ်းပြန်ဆုတ်လိုက်ပြီး သူ့ထံသို့ပြေးလာနေသည့်လူကို ကြည့်လိုက်သည်။ ဤအနီရောင်နှင့် အနက်ရောင်လောကကြီးထဲတွင် ဤလူတစ်ယောက်တည်းသာ ရွှေရောင်တောက်ပနေပေသည်။ ရွှေရောင်က အနီနှင့်အနက်ရောင်ကို လွှမ်းမိုးမနေသော်လည်း ဖူလီ၏အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။  သူ လက်တစ်ဖက်မြှောက်ပြီး ဖြူဖွေးနေသည့် လက်ဖဝါးပြင်ကိုကြည့်ကာ လက်ချောင်းငါးချောင်းကို ဆန့်ထုတ်လိုက်သည်။

သို့ရာတွင် အကြောင်းအရင်းအချို့ကြောင့် သူ့ခန္ဓာကိုယ်က ပုံမှန်သတိပြုမှုတို့ ပျောက်ဆုံးသွားပုံရသည်။ သူ၏ သွေးကြောများက ကမောက်ကမဖြစ်နေပြီး သူ့စိတ်က အမိန့်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည်။

သူ မျက်ခုံးတွန့်လျက် လက်တစ်ဖက်နောက်ပစ်ထားပြီး နဂါးမှ လူသားအသွင်ပြောင်းလာသည့်လူကို ဖမ်းဆုပ်ခွင့်ပြုလိုက်သည်။ သူ့ခန္ဓာကိုယ်က တိုက်စားနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထိုလူ သူနှင့်ထိတွေ့သွားသည်နှင့် အရေပြားကလောင်ကျွမ်းလာသည့် အနံ့တစ်နံ့ကို ရလိုက်သည်။ သို့ရာတွင် ထိုလူက သူ့ကိုလက်မလွှတ်သေးပေ။

သူ့မျက်ခုံးများ ပိုမိုတွန့်ချိုးလိုက်ပြီး မွေးရာပါစွမ်းရည်ကို ပြန်ထိန်းချုပ်လိုက်ကာ တိုက်စားခြင်းကို ရပ်တန့်လိုက်သည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now