Chapter 26
အသက်မပြည့်သေးသူ
ကောင်းကင်ထက်မှ မိုးများ သည်းကြီးမည်းကြီးရွာချလာသည်။ 'သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးနှင့် အပန်းဖြေရေးကလပ်' ဟူသော ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် ယောင်အစည်းအရုံးတွင် ရှားရှားပါးပါး မည်သူမှ မာကျောက် လာမကစားသည့်အချိန် ဖြစ်နေသည်။ အတွင်းဘက်တွက်ရှိနေသည်မှာ ဝဝဖိုင့်ဖိုင့်လူအိုကြီးနှင့် သူ၏လက်ထောက်အနည်းငယ်ဖြစ်သည်။ နဉ်ရွှမ်နှင့် ချောင်းယွင်တို့ ဝင်လာချိန်တွင် လူအိုကြီးက သူ့လက်ထောက်များကို မကျေမနပ်ပြောနေသည်အား ကြားလိုက်ရသည်။
" ဒါက မျိုးနွယ်နဲ့ဆိုင်တဲ့ကိစ္စလားတော့ မသိပေမယ့် နှစ်ပေါင်းထောင်ချီကြာနေပြီကို ဒီနဂါးမျိုးနွယ်က တခြားလူတွေကိုရန်စပြီး ရန်ဖြစ်တဲ့သောက်ကျင့်က မပျောက်သေးဘူးပဲ... အခု မိုးခြိမ်းတယ်ဆို ခဏနေရင် မိုးရွာချပစ်ပြီ... ဘာလို့ အဲ့လိုမျိုး ဖြစ်နေရတာလဲ..."
နဉ်ရွှမ်နှင့် ချောင်းယွင်တို့ အကြည့်ချင်းဆုံသွားသည်။ နဂါးမျိုးနွယ်စုက တိုက်ခိုက်နေကြသည့်ပုံပေါ်သည်။ တိုက်ပွဲအစီအရင်က ကြီးမားနေခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
" မြှောင်..."
ကြောင်လေး၏ အသက်ဓာတ်က အနည်းငယ် လျှော့ပါးလာပေသည်။ လူအိုကြီးက ကြောင်လေးကို စာရင်းသွင်းနေစဉ်မှာပင် ရုတ်ချည်း လက်ဆန့်ထုတ်ပြီး သူ့နှဖူးကို ထိလိုက်သည်။
" ကံကြမ္မာက အရာအားလုံးကို ရစ်ပတ်ထားတယ်... မင်းနဲ့ လူသားရဲ့ ကံကြမ္မာကို ဖြတ်တောက်လိုက်ပြီဆိုမှတော့ ဆက်ပြီးရစ်ပတ်နေစရာ မလိုတော့ဘူး... ကျင့်ကြံရတာ မလွယ်ဘူး... အသိဉာဏ်ရလာတာ မင်းအတွက်တော့ ကံကောင်းတာပဲ... မင်း ကောင်းကောင်းကျင့်ကြံမယ်ဆိုရင် နောက်ဘဝရောက်ရင် သူ့ရဲ့ နောက်ဘဝမှာ သူနဲ့တွေ့ရမှာပါ..."
" မြှောင်..."
ကြောင်လေးက ခေါင်းခါလိုက်သည်။
ယခုဘဝနှင့် နောက်ဘဝက ကွဲပြားသောအရာများဖြစ်သည်။ လူတစ်ယောက်က ဘဝနှစ်ခုလုံးတွင် ဝိညာဉ်အတူတူဖြစ်နိုင်သော်လည်း ရုပ်ရည်သွင်ပြင်၊ တွေးခေါ်ပုံ၊ အကျင့်စရိုက်များက ပြောင်းလဲသွားနိုင်ပေသည်။
ŞİMDİ OKUDUĞUN
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
Genel Kurgu💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...